Team 143 ရဲ့ "မတ်မတ်" သီချင်းဗီဒီယိုဟာ ဆိုရင်လူငယ်ပရိသတ်တွေရင်မှာ အချိန်ပြည့်ကိုနေရာယူနိုင်ခဲ့တာဖြစ်ပါတယ်..။ အဓိကအားဖြင့် ဆယ်ကျော်သက် မောင်လေးတွေရဲ့ရင်မှာ "မမ"၊ "မမ" နဲ့ကိုဖြစ်နေသူလေးကတော့ မော်ဒယ်လ် သရုပ်ဆောင် နွယ်ဒါလီထွန်းပဲဖြစ်ပါတယ်...။ သီချင်းစာသားနဲ့ သီဆိုမှုတွေကောင်းမှု၊ performance ကောင်းမှုနဲ့၊ နွယ်ဒါလီထွန်းရဲ့ အလှအပ၊ သရုပ်ဆောင်မှုတွေကြောင့် social media လောကမှာ "မတ်မတ်" သီချင်းဟာ မသိသူမရှိပဲ အချိန်အခါခါ ပြန်နားထောင်ချင်လောက်အောင်ကောင်းခဲ့တယ်လို့ ပြောရင်မှားမယ်မထင်ပါဖူးနော်...။

နွယ်ဒါလီထွန်းဟာဆိုရင် သီချင်းဗီဒီယိုတင်မကဘဲ ရုပ်ရှင်ဇာတ်ကားကြီးတွေအထိပါ ရိုက်ကူးလာရတဲ့အထိ အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုတွေတိုးခဲ့တာဖြစ်ပါတယ်...။ ဒီလိုအောင်မြင်မှုတွေ တစ်ခဲနက်တိုးပွားလာတာဟာ သူမရဲ့ ရုပ်ပန်းအသွင်အပြင်၊ အမူအရာဟန်ပန်တွေကြောင့်တင်မဟုတ်ဘဲ စိတ်ထားကောင်းမွန်ပြီး ပွင့်လင်းရိုးသားသူဖြစ်တာမလို့လည်း ပါတယ်လို့ပြောရမှာပါ...။ အခမ်းအနား၊ ပွဲလမ်းသဘင်၊ ဖျော်ဖြေရေးပွဲတွေ၊ red carpet ပွဲတွေမှာလည်း သူမရဲ့ အလှအပတွေကိုမြင်တွေ့ရမှာဖြစ်ပြီး company ကြီးတွေက ပြုလုပ်ကျင်းပတဲ့ show ပွဲတွေကို နန်းဆန်စွာတက်လှမ်းခဲ့တာ ဖြစ်ပါတယ်..။

နွယ်ဒါလီထွန်းဟာ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာ တစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်....။ အခုတစ်ခါမှာဆိုရင်လည်း "ဘာမှလျှောက်ကြည့်မနေနဲ့ အိပ်တော့" ဆိုတဲ့ status လေးနဲ့တကွ ပုရိသတွေ စွဲမက်ဖွယ် အလှပုံရိပ်တွေကို သူမရဲ့ official facebook acc တွင် ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Nwe Darli Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။