ပရိသတ်ကြီးရေ.. သရုပ်ဆောင်မိုးအောင်ရင်ကတော့ အနုပညာလောကမှာ မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိသလို ယောင်္ကျားလေးပရိသတ်တွေကပါ အားပေးကြတဲ့ သရုပ်ဆောင်မင်းသားချော တစ်ဦးပဲဖြစ်ပါတယ်နော်..။

မကြာသေးခင်ကမှာ မိသားစုနဲ့ ပရိသတ်တွေဆီကို ပြန်လည်ရောက်ရှိလာတဲ့ သရုပ်ဆောင်မိုးအောင်ရင်ကတော့ လတ်တလောမှာ သာသနာ့ဘောင် ဝင်ရောက်ကုသိုလ်ယူနေတာ တွေ့ရပါတယ်နော်..။


မိုးအောင်ရင် ရဟန်းဝတ်နေတဲ့ ဝမ်းသာကြည်နူးသာဓုခေါ်စရာ အလှူပုံရိပ်လေးတွေကိုလည်း ဦးအောင်ရင်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေလည်း ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေအသိပေး ပြောပြထားတာပဲ ဖြစ်ပါတယ်နော်..။

ဦးဇင်းမိုးအောင်ရင်ရဲ့ ရဟန်းဘွဲအမည်ကတော့ “မေဃဇယ” လို့ အမည်ရပြီး အိမ်ရှေ့ဆွမ်းတန်းကြွနေတဲ့ ဦးဇင်းမေဃဇယရဲ့ ကြည်ညိုစရာမြင်ကွင်းပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေ ကြည်နူးမဆုံး ဖြစ်နေကြတာ တွေ့ရပါတယ်..။


ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မိုးအောင်ရင်ဟာ အခုဆိုရင် အေးချမ်းတဲ့ တရားဘောင်မှာ ဦးဇင်းမေဃဇယ အဖြစ် ရဟန်းဝတ်ကုသိုလ်ယူနေတဲ့ ကြည်ညိုစရာ ပုံရိပ်လေးတွေကတော့ ပရိသတ်တွေကိုရင်အေးမြစေပါတယ်နော်..။

ဒီကနေ့လေးမှာတော့ မိုးအောင်ရင်ရဲ့ ချစ်ပရိသတ်တွေအတွက် ဆွမ်းခံကြွနေတဲ့ ဦးဇင်းမေဃဇယရဲ့ ကြည်ညို သာဓုခေါ်စရာ ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - အောင်ရင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။