ပါကစ္စတန် လုံခြုံရေးတပ်ကတော့ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က သူပုန် ၃ ယောက်ကို သတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။

သူတို့သတ်ပစ်ခဲ့တဲ့ သူပုန် ၃ ယောက်ကတော့ ဂါွဒါဆိပ်ကမ်းမြို့ထဲက ဇိမ်ခံဟိုတယ် တလုံးကို စီးနင်းခဲ့တဲ့ သူပုန်တွေပဲဖြစ်ပါတယ်။

စီးနင်းခံခဲ့ရတဲ့ ဇိမ်ခံဟိုတယ်ကတော့ ကြယ်ငါးပွင့်ဟိုတယ်ဖြစ်တဲ့ ပါးလ်ကွန်တီနန်တယ် ဟိုတယ်ဖြစ်ပြီး သူပုန်တွေဟာ စစ်တပ်အရာရှိတွေကို ဝတ်ဆင်ကာ ဝင်ရောက်စီးနင်းခဲ့တာပဲဖြစ်ပါတ်ယ။

၄င်စီးနင်းမှုအတွင်းမှာတော့ ၎င်းသူပူုန်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး နောက်ဆုံးမှာတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ သူပုန် ၃ ဦးလုံးကို အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ အခင်းဖြစ်ပွားရာနေရာကို ရှင်းလင်းမှုတွေ ပြုလုပ်ပေးခဲ့သလို ၎င်းသူပုန်တွေဟာ တရုတ်နဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

SOURCE - NYTIMES 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။