ဆွီဒင်အစိုးရရှေ့နေ အီဗာ မာရီပါဆွန်ကတော့ ဝီကီလိခ် တည်ထောင်သူ ဂျူလီယန် အက်ဆန် ပါဝင်ပတ်သက်နေတဲ့ အဓမ္မပြုကျင့်မှုကို ပြန်ပြီး အမှုဖွင့်မယ်လို့ ပြောကြားခဲ့ကြောင်းသိရပါတယ်။

မာရီပါဆွန်ကတော့ ဒီပြောကြားချက်ကို မနေ့က မေလ ၁၃ ရက်နေ့မှာ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

ဂျူလီယန် အက်ဆန်ကတော့ သူပါဝင်ပတ်သတ်နေတယ်လို့ စွပ်စွဲခံထားရတဲ့ အဓ္ဓမပြုကျင့်မှုကနေ တရားသေမလွတ်မြောက်သေးသလို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က လန်ဒန်က အီကွေဒေါသံရုံးမှာခိုလိုခဲ့တာကြောင့် ၎င်းအမှုဟာ တရားမစီရင်သေးဘဲ ရုတ်သိမ်းခဲ့ရတာပဲဖြစ်ပါတယ်။

သို့ပေမယ့် လက်ရှိအချိန်မှာတော့ ဆွီဒင်အစိုးရရှေ့နေတွေဟာ ၎င်းအမှုကို ပြန်လည်စစ်ဆေးဖော်ထုတ်သွားတော့မှာဖြစ်သလို ဒါဟာ အက်ဆန်ကို ဗြိတိန်ကနေ ရာဇဝတ်သားလွှဲပြောင်းရေး အစီအစဉ်နဲ့ ခေါ်ထုတ်နိုင်ဖို့လည်း ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံဟာဆိုရင်လည်း အက်ဆန်ကို လျှိ့ဝှက်စာတန်းတွေ အမြောက်အမြား လူသိရှင်ကြားဖွင့်ချခဲ့တဲ့ အမှုတွေနဲ့ ပတ်သတ်ပြီး ရာဇဝတ်သား လွှဲပြောင်းရေး အစီအစဉ်နဲ့ အမေရိကန်နိုင်ငံမှာ တရားစီရင်နိုင်ရေး အက်ဆန်ကို လွှဲယူဖို့ ကြိုးစားနေပါတယ် လို့သိရပါတယ်။

SOURCE - SSWAP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။