ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့မှာတော့ ပါကစ္စတန်နိုင်ငံ အနောက်ပိုင်း ကယ်ဒါမြို့က ဗလီတခုအတွင်းမှာ လက်လုပ်ဗုံး တလုံး ပေါက်ကွဲခဲ့ပါတယ်။

၎င်းလက်လုပ်ဗုံးကတော့ မော်တော်ဆိုင်ကယ် တစီးမှာ တပ်ဆင်ဖောက်ခွဲခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ရဲ့ ယာဉ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပုံ ရတယ်လို့ သိရပါတယ်။

၎င်းတိုက်ခိုက်မှုဖြစ်ပေါ်ပြီးနောက်မှာတော့ တီရစ်အေ တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့က သူတို့ရဲ့လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့တယ်လို့ သိရပါတယ်။

၎င်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအနေနဲ့ကတော့ ရဲတပ်ဖွဲ့ဝင်တွေ လေးယောက်ထက်မနည်းသေဆုံးခဲ့ကြပါတယ်။

ဒါ့အပြင် နောက်ထပ် ၁၁ ယောက်လောက်လည်း ဒဏ်ရာပြင်းထန်းစွာရရှိခဲံကြပါတယ်။

ဒါ့ကြောင့် ဒဏ်ရာရရှိခဲ့တဲ့သူတွေကို ဆေးရုံးသို့ပို့ဆောင် ဆေးကုသပေးထားကြတယ်လို့ သိရပါတယ်။

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။