ပြည်တွင်း တရားမဝင်သစ်ခိုးထုတ်မှုတွေကတော့ မရေမတွက်နိုင်အောင်ပေါများလျှက်ရှိတာ အားလုံးလည်း အသိဖြစ်မယ်ထင်ပါတယ်။ ပြည်တွင်းနေရာအနှံ့အပြားမှာ တွေ့ရလေ့ရှိပြီး ဖမ်းဆီးမှုတွေကလည်း မရေမတွက်နိုင်အောင် ရှိခဲ့တာပဲဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် စံပြကျေးရွာအတွင်းမှ တရားမဝင်သစ်ခွဲသားမျိုစုံ ဖမ်းမိခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ဖြစ်စဉ်ကတော့ မေလ ၁၃ရက် နေ့လယ် ၁၂နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သစ်တောဦးစီးဋ္ဌာနမှမြို့နယ် ဦးစီးအရာရှိဦးတင်ထွဏ်း ဦးစီးသောအဖွဲ့သည်သက်သေများနှင့်အတူ လှည်းကူးမြို့နယ်၊စံပြကျေးရွာအတွင်း သတင်းအရဝင်ရောက်ရှာဖွေရာ ကွက်သစ်ရပ်ကွက်နေရာမှ တရားမဝင်ကျွန်း၊ ပျဉ်းကတိုးနှင့် အခြားသစ်ခွဲ သားဆိုဒ်စုံ ၁၄၃ ချောင်း၊ ၅ ဒသမ ၉၂၅၂တန် ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။ ဒါအပြင် တရားမဝင်သစ်ပိုင်ရှင်များဖြစ်ကြသော လှည်းကူးမြို့နယ် စံပြကျေးရွာ၊ ကွက်သစ်ရပ်ကွက်နေဦးမျိုးဇော်၊ ဦးဝင်းဘို၊ဦးဝင်းထွန်း၊ဦးရဲကြည်၊ ဦးထွန်းဝင်းတို့ငါးဦးအား လှည်းကူးမြို့မရဲစခန်းမှ သစ်တောဥပဒေပုဒ်မအရ အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။  

မကြာခဏဆိုသလို သစ်ခိုးထုတ်မှုနှင့်ပတ်သက်သူများကို ဖမ်းဆီးမှုတွေပြုလုပ်လျှက်ရှိပြီး ပြင်းပြင်းထန်ထန်အရေးယူမှုတွေလည်းပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။ လှည်းကူးမြို့နယ်အတွင်းမှ တရားမဝင်သစ်ခွဲသား ၅ ဒသမ ၉၂၅၂ တန်ဖမ်းမိ ခဲ့တဲ့ ပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

SOURCE - THE MIRROR DAILY 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။