စေ့စပ်လက်စွပ်ဆိုတာ ချစ်သူတိုင်းအတွက် တကယ့်ကိုတန်ဖိုးထားရတဲ့ ပစ္စည်းလေးတစ်ခုဖြစ်ပါတယ်။ လက်စွပ်အပေါ်မှာ ကိုယ့်ရဲ့ချစ်ခြင်း မေတ္တာ နဲ့ ကိုယ့်ဘဝတစ်ခုလုံး သူ့နဲ့အတူ ဖြတ်သန်းလိုတဲ့ ဆန္ဒတွေပါဝင်တဲ့ အတွက် စေ့စပ်လက်စွပ်က တန်ဖိုးထားရတဲ့ အရာလေးဖြစ်သွားပါတယ်။ အာ့ကြောင့်ပဲ တချို့ကလက်စွပ်ကို စိန်လက်စွပ် ပေးတာတို့ တန်ဖိုးကြီး လက်စွပ်ပေးတာတို့ စသဖြင့် ပေးတက်ကြပါတယ်။ 

စေ့စပ်လက်စွပ်ဆိုတာလဲ အဲ့လိုမျိုးအဓိပ္ပာယ်ဖြစ်နေတဲ့အတွက် တစ်ယောက်လက်စွပ်နဲ့တစ်ယောက် မတူညီကြတော့ပါဘူး။ တချို့ကအပေါ်မှာ ပြောခဲ့သလို တန်ဖိုးကြီးတယ်....တချို့က တန်ဖိုးနည်းပေးမဲ့ လေးနက်တယ် စသဖြင့် အမျိုးမျိုးှရှိကြတယ်။ ဒါပေမဲ့ လူတွေကတော့ ခုချိန်မှာ အဲ့မိန်းကလေးရဲ့ စေ့စပ်လက်စွပ်နဲ့ပတ်သတ်ပြီး အံ့သြခဲ့ကြကာ မေးခွန်းတွေ မေးခဲ့ကြပါတယ်။ အဲ့လက်စွပ်က ဘာလက်စွပ်မို့ လူတွေ ထိတ်လန့် အံ့သြခဲ့ကြတာလဲ။ 

ဘာလို့လဲဆိုတော့ လက်စွပ်က ဆံပင်နဲ့ ပြုလုပ်ထားတဲ့ အတွက်ကြောင့်ပဲဖြစ်ပါတယ်။ ချစ်သူကောင်လေးဟာ သူရဲ့ကိုယ်ပိုင်ဆံပင်နဲ့ ကောင်မလေးအတွက် လက်စွပ်ပြုလုပ်ကာ လက်ထပ်ခွင့်တောင်းခဲ့တာပဲဖြစ်ပါတယ်။ သူမဟာ ပုံတင်ခဲ့ပြီး " ငါ့ကောင်လေးကခု ငါ့သတိုသားလောင်း ဖြစ်ပြီး " ဆိုပြီး ရေးတပ်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရော ကိုယ့်ချစ်သူကောင်မလေးကို ဘယ်လို လက်စွပ်နဲ့ လက်ထပ်ခွင့်တောင်းမလဲ.....။ 

Source : Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။