မိသားစုတစ်စုမှာ မောင်နှမတွေဆိုတာရှိရင် တည့်တာရှိသလို မတည့်တဲ့သူတွေလဲရှိပါတယ်။ အထူးသဖြင့် မတည့်တာက ပိုများပါတယ်။ အဲ့လိုမျိုးမတည့်လို့လဲ အပြိုင်အဆိုင်တွေရှိကြ ရန်တွေဖြစ်ကြတာကို ပရိသတ်ကြီးလဲ သိရှိမှာပါ။ အမြွှာတွေဆိုရင်တော့ သူတို့က မောင်နှမဆိုတာထက် အမြွှာတွေဖြစ်တာမို့ စိတ်ချင်းပိုဆက်ကြတာကို ပရိသတ်ကြီး သိမှာပါ။ အဲ့လိုတွေကြောင့် သူတို့တွေဟာ တခြားမောင်နှမတွေထက် ပိုမိုထူးချွန်တာကို တွေ့ရှိရပါတယ်။ 

ဒါပေမဲ့ ခုချိန်မှာဆိုရင်တော့ တကယ့်ကို ထူးဆန်းအံ့သြဖွယ်ရာ ထိတ်လန့်မှုကို တွေ့ရှိခဲ့ကြပါတယ်။ အမေ့ရဲ့ ဗိုက်ထဲမှာပဲရှိသေးတဲ့ အမြွှာနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် တွန်းထုတ်နေတာကို တွေ့ရှိခဲ့ရပြီး Video ရိုက်နိုင်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ အမေ့ရဲ့ ဗိုက်ထဲမှာ ခုလိုမျိုးတွေ မလုပ်နိုင်တာကို လူတိုင်းသိရှိမှာပါ။ သိပ္ပံပညာအရဆိုရင်တော့ ဒီကိစ္စဟာ လုံးဝမဖြစ်နိုင်ပါဘူး။ 

ခုဖြစ်စဉ်ကတော့ တရုတ်ပြည်မှာ ဖြစ်ခဲ့ပြီး အမြွှာနှစ်ယောက်က မိန်းကလေးတွေပဲဖြစ်ကာ နာမည်တွေကတော့ Cherry နဲ့ Strawberry တို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ဗိုက်ထဲမှာ ၄လရှိခဲ့တာဖြစ်ပြီး ကျန်းမာလျက်ရှိတာကိုတွေ့ရှိရပါတယ်။ အဖေဖြစ်သူကတော့ " ကျွန်တော်တို့ ဒီဗီဒီယိုကိုတွေ့ရှိတဲ့ အခါမှာတော့ တကယ်ကို အံ့သြသင့်စေခဲ့ပါတယ် " ဆိုပြီးပြောပြခဲ့ပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဒီဖြစ်စဉ်ဟာ သန်း၃၀မှာ တစ်ခါသာဖြစ်တက်တဲ့ ဖြစ်စဉ်ဖြစ်ကာ အရမ်းကို အန္တရာယ်များကြောင်းပြောပြခဲ့ပါတယ်။ ပရီသတ်ကြီးလဲ ရုပ်သံကို ကြည့်ရှူလိုက်ပါအုန်း။ 

Source : Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။