ချစ်ပရိတ်သတ်ကြီးရေ... မြန်မာနိုင်ငံမှာအောင်မြင်နေတဲ့ လူငယ်အဆိုတော်မလေးတစ်ယောက်ဖြစ်ပြီးတော့ ပရိတ်သတ်တွေရဲ့ အားပေးမှုကိုတစ်ခဲနက်ရရှိထားတဲ့ တေးသံရှင်မလေး ဝိုင်းလေးဟာ အားလုံးရဲ့အသည်းကျော်လေးပါပဲနော်။ ဆွဲဆောင်မှုရှိတဲ့အသံလေးနဲ့သီဆိုတဲ့ တေးသီချင်းလေးတွေတိုင်းက ပရိတ်သတ်တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့တာချည်ပါပဲနော်။

ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ ပုရိသတွေရင်ခုန်ရလောက်တဲ့ ခန္တာကိုယ်လေးကို ပိုင်ဆိုင်ထားသူလေးဖြစ်ပြီးတော့ အားလုံးရဲ့ အချစ်တွေကို သိမ်းပိုက်ယူနိုင်ခဲ့သူလေးဖြစ်ပါတယ်နော်။ သူမဟာ အနုပညာကိုချစ်တဲ့ စိတ်နဲ့ ကြိုးစားမှုတွေကြောင့် အချိန်တိုတိုအတွင်းမှာ ပရိတ်သတ်တွေရဲ့ အားပေးမှုတွေကိုအတိုင်းအတာတစ်ခုထိရရှိပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်နော်။

အခုတစ်ခါမှာဆိုရင်သူမဟာ ထိုင်းနိုင်ငံ ချင်းမိုင်ကို ရောက်ရှိနေခဲ့ပြီးတော့ လည်ပတ်နေတဲ့ပုံရိပ်လေးတွေကို သူမရဲ့လူမှုစာမျက်နှာပေါ်မှာတင်ထားတာတွေ့ရပါတယ်နော်။ သူမဟာ ချင်းမိုင်ရောက်တုန်းလေး Eveandboyဆိုတဲ့ ကြော်ငြာပိုစတာလေးတစ်ခုနဲ့ အတူပရိတ်သတ်တွေကို စလိုက်ပါတယ်နော်။ " Omg ဝိုင်းလေးနဲ့တူလိုက်တာ တကယ်ကြီး ချင်းမိုင်မှာ "ဆိုပြီးစခဲ့တာပဲဖြစ်ပြီးတော့ တကယ့်တကယ်က သူမရိုက်ထားခဲ့တဲ့ ကြော်ငြာပိုစတာပါပဲနော်။ကဲ... ပုံကိုမြင်ပြီး အရမ်းတွေအံ့သြနေတဲ့ ပရိတ်သတ်တွေကတော့ သူမစတာကိုသေချာပေါက်ခံလိုက်ရမှာပါ ချစ်ပရိတ်သတ်ကြီးရေ...

Source : Wyne Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။