ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော် ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေထဲမှာ ဝါရင့်သရုပ်ဆောင် မင်းသမီးချော နန္ဒာလှိုင်ကတော့ မပါမဖြစ်ပါပဲ..။

တစ်ချိန်က ဒိတ်ဒိတ်ကြဲ အောင်မြင်ကျော်ကြားတဲ့ ပရိသတ်တွေရဲ့ အချစ်တော် အကယ်ဒမီဆုရှင် မင်းသမီးချောနန္ဒာလှိုင်ဟာ အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို ရပ်နားလိုက်ပေမယ့် ပရိသတ်တွေကတော့ ယနေ့အချိန်ထိ တခဲနက် အားပေးချစ်ခင်နေဆဲပါပဲနော်..။

သမီးလေး သုံးယောက်နဲ့အတူ သာယာပျော်ရွှင်စရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတဲ့ နန္ဒာလှိုင်တို့မိသားစုလေးကတော့ မကြာခဏလည်း လှူဒါန်းမှုတွေကို ပြုလုပ်လေ့ရှိတာလည်း တွေ့ရပါတယ်နော်..။

လှူဒါန်းမှုတွေကို ရက်ရက်ရောရောနဲ့ ချီးကျူးအားကျရလောက်အောင် ကုသိုလ်ယူလှူဒါန်းလေ့ရှိတဲ့ သူမတို့မိသားစုလေးကတော့ အခုတစ်ခါမှာလည်း နတ်လူသာဓုခေါ်စေမယ့် အလှူလေးပြုလုပ်လိုက်ပြန်ပါတယ်နော်..။

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်ကြီး လုံးပြည့်ရွှေရောင်စတီးသင်္ကန်းကပ်လှူဖို့အတွက် အလှူငွေအဖြစ် ကျပ်သိန်းပေါင်း (၅၀၀) လှူဒါန်းလိုက်တာပဲ ဖြစ်ပါတယ်..။

လှူဒါန်းမှုတွေကို ရက်ရက်ရောရော လှူဒါန်းတတ်ကြတဲ့ နန္ဒာလှိုင်တို့ မိသားစုလေးရဲ့ ကုသိုလ်အလှူလေးကတော့ ပရိသတ်တွေကို ဝမ်းသာကြည်နူးမှုလေးတွေနဲ့အတူ ပီတိလေးတွေနဲ့ အပျော်လေးတွေ ကူးစက်စေပါတယ်နော်..။

Photo - နန္ဒာလှိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။