ကိုရီးယားမလေးလို ဖြူဖွေးဥနေတဲ့ အသားအရေလေးနဲ့ ဘိုဆန်ဆန်တဲ့ မျက်နှာလှလှလေးရဲ့ ပိုင်ရှင်ကတော့ မင်းသမီးချောလေး နန်းဆုရတီစိုးပဲ ဖြစ်ပါတယ်။ နန်းဆုက အဆိုတော်၊ သရုပ်ဆောင်တစ်ဦးအဖြစ် ဂီတလောကမှာရော အနုပညာလောကမှာပါ နာမည်ရအောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အမာခံပရိသတ်တွေ အမြောက်အများကို ပိုင်ဆိုင်ထားတဲ့ နန်းဆုက အဆိုတော် G Fatt ရဲ့ ချစ်သူကောင်မလေးလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ နန်းဆုက သီချင်းအသစ်တွေ ဖန်တီးနေပြီး ပြီးခဲ့တဲ့ မေလ (၁၂ ) ရက်နေ့ကလည်း "ကမ်းမဲ့လှေ" ဆိုတဲ့ သီချင်းအသစ်လေး တစ်ပုဒ်ကို ထွက်ရှိခဲ့ပါတယ်။ ဒီသီချင်းလေးရဲ့ Music Video လေးကလည်း (၂၄) နာရီအတွင်းမှာတင် ကြည့်ရှုသူ တစ်သိန်းတိတိ ရရှိတဲ့အထိ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ အခုလည်း နန်းဆုက လူငယ်ဆန်ဆန် ဖက်ရှင်အလန်းလေးတွေနဲ့ အရမ်းကို ချစ်စရာကောင်းနေတာ တွေ့ရပါတယ်။

ဆံပင်အတိုလေးနဲ့ ပုံစံပြောင်းပြီး အမြင်ဆန်းဆန်းလေး လှနေတဲ့ နန်းဆုက ဆယ်ကျော်သက်လေးတစ်ယောက်လို တက်ကြွလန်းဆန်းနေတာပဲ ဖြစ်ပါတယ်။ ကိုရီးယားမလေးအသွင် နုပျိုလှပနေတဲ့ နန်းဆုရဲ့ပုံရိပ်လေးတွေကတော့ ချစ်သူ G Fatt ရဲ့ အသည်းတစ်ခုလုံး ကြွေကျသွားအောင် ပြုစားနိုင်တာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး နန်းဆုရတီစိုးရဲ့ အမိုက်စားပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Kansuho_Photography;

photo credit;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။