ပရိသတ်အသည်းကျော်ကြီး အောင်လအန်ဆန်းကတော့ လက်ဝှေ့လောကမှာ နာမည်ကြီးကြောက်စရာအကောင်းဆုံး ဖိုက်တာတစ်ဦးလည်းဖြစ်ပါတယ်။လက်ဝှေ့စည်းဝိုင်းထဲမှာ ဖိုက်တာတစ်ဦးဖြစ်ပေမယ့် မိသားစုအပေါ် အလွန်ချစ်တက်တဲ့ ဖခင်ကောင်လည်းဖြစ်ကြောင်း အမြဲသူ့ရဲ့ လုပ်ရပ်လေးတွေနဲ့အတူ ပြသတက်သူတစ်ယောက်လည်းဖြစ်ပါတယ်။  

ပျော်ရွှင်စရာမိသားစုဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားပြီး ယနေ့အထိ မိစုံဖစုံနဲ့ နေထိုင်နေရသူတစ်ဦးလည်းဖြစ်ပါတယ်။ အောင်လအန်ဆန်းကတော့ မိဘဖြစ်သူတွေကို ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်ပြီး မိဘတွေနဲ့ပတ်သက်ရင်လည်း လိုလေသေးမရှိ အောင်ထားပေးတက်သူတစ်ယောက်လည်းဖြစ်ပါတယ်။ မကြာသေးမီကကျရောက်ခဲ့တဲ့ အမေများနေ့မှာလည်း အောင်လအန်ဆန်းကတော့ မိခင်းဖြစ်သူရဲ့ ပုံရိပ်တွေနဲ့အတူ အမှတ်တရတစ်ခု ပြုလုပ်ပေးခဲ့တာတွေ့ရပါတယ်။  

အောင်လအန်ဆန်းရဲ့ ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် " Happy Mother’s Day to all our amazing moms out there. We love you so much!!!" ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။ လေးစားစရာကောင်းတဲ့ အောင်လအန်ဆန်းရဲ့ မိဘပေါ်ချစ်ခင်တင်ပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS - AUNG LA NSANG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။