MRTV-4 ရုပ်သံဇာတ်လမ်းတွဲများမှတစ်ဆင့် ပရိသတ်တွေကြားမှာရေပန်းစားနာမည်ကြီးလာတဲ့ အနုပညာရှင်များကတော့ အောင်ရေချမ်းနဲ့ဝင့်ယမုံနိုင်ပဲဖြစ်ပါတယ်။ သူတို့ကတော့mrtv4ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပရိသတ်တွေရဲ့အားပေးမှုကိုရထားပြီးအနုပညာလမ်းပေါ်မှာပရိသတ်အားပေးမှုအပြည့်နဲ့အောင်မြင်နေတာဖြစ်ပါတယ်။ 

ပီပြင်ကျွမ်းကျင်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်း ပရိသတ်တွေချီးကျူးနေရပြီးအချိန်တိုအတွင်းမှာ အောင်မြင်မှုတွေရရှိနေတာလည်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ “ ကျွန်မက မဟေသီ” ဆိုတဲ့ရုပ်သံဇာတ်လမ်းလေးဟာ ပရိသတ်တွေကြားမှာ အရမ်းကိုနာမည်ကြီးခဲ့တာဖြစ်ပါတယ်။အဆိုပါဇာတ်ကားလေးဟာ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးဖြစ်ပြီး ပရိသတ်တွေကြိုက်နှစ်သက်တဲ့ရုပ်သံဇာတ်လမ်းလေးလည်း ဖြစ်ခဲ့ပါတယ်။

အနုပညာလမ်းပေါ်မှာအောင်မြင်နေတဲ့သူတို့နှစ်ယောက်ဟာခုမှာလည်းအနုပညာအလုပ်တွေကိုတူတူကြိုးစားလုပ်ကိုင်နေတာတွေ့ရပါတယ်။နှစ်ယောက်တူတူအနုပညာအလုပ်တွေလုပ်နေတဲ့သူတို့နှစ်ယောက်ဟာခုမှာလည်းကြော်ငြာလေးတွေတူတူရိုက်ကူးနေတာဖြစ်ပါတယ်။ကြော်ငြာရိုက်ကွင်းပေါ်ကသူတို့နှစ်ယောက်ပုံရိပ်လေးတွေကလည်းအရမ်းကိုလိုက်ဖက်နေတာပါ။မင်းသားနဲ့မင်းသမီးတွေကိုနှစ်ယောက်လုံးအလှကိုယ်စီနဲ့လိုက်ဖက်နေတဲ့အောင်ရေချမ်းနဲ့ဝင့်ယမုံနိုင်တို့ရဲ့ရိုက်ကွင်းပုံရိပ်တွေကိုလည်းပရိသတ်တွေအားကျဖွယ်တင်ဆက်ပေးလိုက်ရပါတယ်။

Source Aung Yay Chan and Wint Yamone Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။