အဆိုတော်မလေး ဆိုဖီယာကိုတော့ ပရိသတ်တွေအားလုံးက " Myanmar Idol Season 1 " သီချင်းဆိုပြိုင်ပွဲကြီးကတည်းက စတင်ရင်းနှီးခဲ့ကြမယ်ထင်ပါတယ်။ အသံပါဝါကောင်းကောင်းနဲ့ တေးသီချင်းတွေကို ဆွဲဆောင်မှုအရှိဆုံး သီဆိုနိုင်တဲ့ ဆိုဖီယာကိုတော့ ဝန်းရံအားပေးကြတဲ့ ပရိသတ်တွေကလည်း တကယ့်ကိုများပြားလှပါတယ်။ လက်ရှိမှာတော့ ဆိုဖီယာက တေးသီချင်းတွေဖန်တီးသီဆိုရင်း ဂီတလောကမှာ ရပ်တည်ကျော်ကြားနေပြီပဲ ဖြစ်ပါတယ်။

အခုရက်ပိုင်းမှာတော့ ဆိုဖီယာက ချစ်ရတဲ့သူငယ်ချင်းတွေနဲ့အတူ တာချီလိတ်မြို့လေးကတစ်ဆင့် ချင်းမိုင်မြို့လေးဘက်ကို ရောက်ရှိနေတာ တွေ့ရပါတယ်။ ခရီးတွေ ဆက်တိုက်ထွက်ရင်း သီချင်းဆိုဖျော်ဖြေနေရတဲ့ ဆိုဖီယာရဲ့ဘေးမှာတော့ သူမရဲ့ချစ်သူကလည်း အတူလိုက်ပြီး အားပေးနေတာ ဖြစ်ပါတယ်။ အခုလည်း ဆိုဖီယာတို့ချစ်သူနှစ်ဦးက ချင်းမိုင်မြို့လေးထဲမှာ နှစ်ယောက်အတူ လျှောက်လည်ရင်း အရမ်းကို ကြည်နူးပျော်ရွှင်နေကြပါတယ်။

ချစ်သူနဲ့အတူ Romantic ဆန်ဆန် ချစ်ကြည်နူးနေတဲ့ပုံလေးတွေကိုတော့ ဆိုဖီယာက " We always have fun " ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ တစ်ယောက်လက်ကိုတစ်ယောက်တွဲပြီး ဈေးဝယ်ထွက်နေတဲ့ သူတို့စုံတွဲလေးကိုတော့ မြင်သူတိုင်းက ထပ်တူအားကျမိမယ် ထင်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော်မလေး ဆိုဖီယာတို့ချစ်သူနှစ်ဦးရဲ့ ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Sophia Everest Aurora;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။