Mrtv-4 မင်းသမီးတစ်ဦးဖြစ်တဲ့ မေမြင့်မိုရ်ဟာဆိုရင် အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်လျက်ရှိပြီး ဖြူစင်ဝင်းပတဲ့ အသားအရေကိုပိုင်ဆိုင်ထားပဲဖြစ်ပါတယ်...။ သူမဟာဆိုရင် ချစ်ဖို့ကောင်းတာဖြစ်ပြီး ပုရိသတွေစွဲမက်ဖွယ် ခန္ဓာကိုယ်အချိုးအစားကိုလည်းပိုင်ဆိုင်တာပါနော်...။ မေမြင့်မိုရ်ဟာ မြန်မာဝတ်စုံလေးတွေကို ရိုးယဉ်စွာ ဝတ်ဆင်လေ့ရှိပြီး နန်းဆန်၍ ကျက်သရေအဖြာဖြာတိုးလှပနေတာဖြစ်ပါတယ်...။ မေမြင့်မိုရ်ဟာ စိတ်သဘောထားကောင်းမွန်းသူဖြစ်ပြီး ပွင့်လင်းရိုးသားစွာ ပရိသတ်တွေအပေါ် ပြုမူဆက်ဆံလေ့ရှိတာဖြစ်ပါတယ်...။

မေမြင့်မိုရ်ဟာ ခရီးသွားဝါသနာပါသူဖြစ်ပြီး သူငယ်ချင်းတွေနဲ့အတူဘဝကြီးကို အေးချမ်းပျော်ရွှင်စွာဖြတ်သန်းနေတာလည်းဖြစ်ပါတယ်...။ ပရဟိတလုပ်ငန်းတွေကိုလည်း စိတ်ရောကိုယ်ပါလုပ်ကိုင်လျက်ရှိပြီး မိဘအပေါ်မှာလည်း လိမ္မာစွာ ပြုစုလုပ်ကျွေးလျက်ရှိတာကို မုဒိတာပွားဖွယ်မြင်တွေ့ရမှာပါ..။ photo shooting တွေနဲ့၊ ကြော်ငြာမဂ္ဂဇင်းတွေကိုလည်း လက်ခံရိုက်ကူးလေ့ရှိတဲ့ သူမဟာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လာတာကို မြင်တွေ့ကြရမှာပါ..။ "အရိပ်"၊ "ပုဂံမြို့သူ" စတဲ့ ဇာတ်လမ်းတွဲတွေထဲကလိုမျိုး မေမြင့်မိုရ် ရဲ့ကောင်းမွန်တဲ့သရုပ်ဆောင်မှုမျိုးကို နောင်လာမယ့် ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပရိသတ်တို့အနေနဲ့ ရှုစားကြရတော့မှာ ဖြစ်ပါတယ်...။

facebook စာမျက်နှာကို အသုံးပြုလေ့ရှိတဲ့ မေမြင့်မိုရ်ဟာဆိုရင် အပန်းဖြေတစ်ခုထဲအတွက်သာမဟုတ်ပဲ၊ အလုပ်ကိစ္စနှင့် ပရိသတ်တွေနဲ့ ရင်းနှီးမှုအမြဲရနေအောင် အစဉ်အမြဲ active ဖြစ်နေသူတစ်ယောက်လို့ဆိုရမှာပါ...။ နေ့စဉ်လှုပ်ရှားမှုအမျိုးမျိုးနှင့် လတ်တလောအနုပညာလှုပ်ရှားမှု တို့ကို ပရိသတ်တွေ မလွတ်တမ်းသိရှိရအောင် ဖော်ပြလေ့ရှိတဲ့ မေမြင့်မိုရ်ဟာဆိုရင် အခုတစ်ခါမှာလည်း "မျက်ဝန်းလေးတွေကစကားပြောတတ်တယ်တဲ့" ဆိုတဲ့ status လေးနဲ့တကွ အဖြူရောင်ဝတ်စုံလေးနဲ့ အလှပုံရိပ်လေးတွေကို ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Source May Myint Mo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။