အာရှဘောလုံးအဖွဲ့ချုပ်ကကြီးမှူးကျင်းပနေတဲ့ AFC CUP 2019ပြိုင်ပွဲမှာတော့မြန်မာနိုင်ငံကအမှတ်ပေးချန်ပီယံဖြစ်တဲ့ရန်ကုန်ယူနိုက်တက်အသင်းကပါဝင်ယှဉ်ပြိုင်ကစားနေတာဖြစ်ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်းဟာဒီနှစ် AFC Cup ပြိုင်ပွဲမှာတော့ရလဒ်တွေဆိုးရွားနေတာဖြစ်ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်းဟာဒီနေ့မှာတော့အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်ကမ္ဘောဒီးယားကလပ်နာဂါဝေါလ်အသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းဟာ နာဂါဝေါ်လ်အသင်းနဲ့ပထမအကျော့တွေ့ဆုံစဉ်ကရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။အဆိုပါပွဲတုန်းကရန်ကုန်ယူနိုက်တက်အသင်းဟာအစောပိုင်းထဲက ကစားသမားတစ်ယောက်အနီကဒ်နဲ့ထုတ်ခံရတာကြောင့်ရှုံးနိမ့်ထားတာပါ။အဆိုပါပွဲမှာရှုံးနိမ့်ခဲ့ပေမယ့်ရန်ကုန်ယူနိုက်တက်အသင်းဟာအကောင်းဆုံးကစားသွားခဲ့ပြီးတစ်ဖက်အသင်းကခက်ခက်ခဲခဲနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒီနေ့မှာတော့ရန်ကုန်ယူနိုက်တက်အသင်းဟာနာဂါဝေါလ်အသင်းကိုအိမ်ကွင်းမှာအုပ်စုနောက်ဆုံးပွဲအဖြစ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ဒီပွဲစဉ်ကတော့အာရှဘောလုံးသမိုင်းမှာမှတ်တမ်းဝင်မယ့်ပွဲတစ်ပွဲဖြစ်လာတော့မှာပါ။ဒီပွဲမှာတော့ဒိုင်၃ဦးလုံးကိုတော့အမျိုးသမီးတွေကတာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်။ဒီပွဲကတော့အာရှဒေသတွင်းမှာပထမဆုံးအမျိုးသမီးကွင်းလယ်ဒိုင်လူကြီးများကိုင်တွယ်မယ့်ပွဲစဉ်အဖြစ်မှတ်တမ်းဝင်တော့မှာပါ။

SOURCE:For Sport Asia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။