လေပြင်းတိုက်ခတ်မှုကြောင့် လူနေအဆောက်အအုံနဲ့အတူ လမ်းတံတားသစ်ပင်များပြိုကျပျက်စီးမှုကတော့ မရေမတွက်နိုင်အောင်ရှိခဲ့ပါတယ်။ မေလ ၁၄ရက်နေ့ မနေ့က ညနေပိုင်းမှာလည်း ဆိုးဆိုးရွားရွားလေပြင်းတိုက်ခတ်မှု တစ်ခုဖြစ်ပွားခဲ့ပြီး နေအိမ်အချို့ပျက်စီးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ လေပြင်းတိုက်ခတ်မှုက ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် လှည်းပြင်ဒင်းအုပ်စု၊လှည်းပြင်ဒင်းကျေးရွာတွင် ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။   

ဖြစ်စဉ်နဲ့ပတ်သက်ပြီး " ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် လှည်းပြင်ဒင်းအုပ်စု၊လှည်းပြင်ဒင်းကျေးရွာတွင်မေ ၁၄ ရက် ညနေ ၅ နာရီ မိနစ် ၄၀ က လေပြင်းတိုက်ခတ်မူကြောင့် လူနေအိမ်နှစ်လုံး အမိုးလန်ပျက်ဆီးဆုံးရှုံးမူ ဖြစ်ပွားခဲ့ကြောင်း " ကနဦးသတင်းများအရ သိရပါတယ်။ လေပြင်းတိုက်ခတ်မူကြောင့် လှည်းပြင်ဒင်းကျေးရွာနေ ဦးဝင်းမြင့်နှင့် ဦးတင်မောင်သန်းတို့၏၃×၃"ပင် သွပ်မိုး၊ထရံကာ ၊ပျဉ်ခင်းနှစ်ထပ်နေအိမ်နှစ်လုံး သွပ်များအမိုးလန်ပြီးစုစုပေါင်း ဆုံးရှုံးမူတန်ဖိုး ၁၉၀၀၀၀ ကျပ်ခန့်ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်ပျက်ဆီးဆုံးရှုံးမူ မရှိခဲ့ကြောင်း သိရပါတယ်။ ၎င်း လေပြင်းတိုက်ခတ်ခံရသည့်နေအိမ်တို့အား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး နှင့်အဖွဲ့များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရွာသူရွာသားများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျှက်ရှိပါတယ်။

source - The Mirror Daily 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။