Hip Hop သီချင်းတွေနဲ့တစ်ချိန်ကပရိသတ်တွေကိုဖျော်ဖြေမှုတွေနဲ့ ပရိသတ်အခိုင်အမာရရှိပြီးအောင်မြင်နေတာကတော့အဆိုတော်ယုန်လေးပဲဖြစ်ပါတယ်။ သူ့ရဲ့သီချင်းတွေကလည်းခုချိန်ထိပရိသတ်တွေကြားမှာအောင်မြင်နေတုန်းပဲဖြစ်ပါတယ်။ သူဟာ ဆယ်စုနှစ်ကြာပရိသတ်အားပေးမှုတစ်ခဲနက်နဲ့အောင်မြင်နေတဲ့အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။ 

သူကတော့အနုပညာအလုပ်တွေကိုတတ်နိုင်တဲ့ဘက်ကကြိုးစားနေတဲ့သူတစ်ယောက်ပါ။ ရုပ်ရှင်ဇာတ်ကားအက်ရှင်ကားကြီးတွေကိုလည်းပါဝင်သရုပ်ဆောင်ရိုက်ကူးနေတာဖြစ်ပြီးပရိသတ်အခိုင်အမာနဲ့အောင်မြင်နေတာပါ။ သူ့ရဲ့ဇာတ်ကားတွေကလည်းမြန်မာနိုင်ငံမှာကြည့်ရဖို့ခက်ခဲတဲ့ဇာတ်ကားမျိုးတွေဖြစ်တာကြောင့်ပရိသတ်တွေကလည်းသူ့ရဲ့အက်ရှင်ကားတိုင်းကိုအားပေးနေကြတာပါ။ အဆိုတော်အလုပ်သာမကသရုပ်ဆောင်ပိုင်းမှာပါထူးချွန်တာကြောင့်ပရိသတ်တွေသာမကအနုပညာရှင်တွေကပါချီးကျူးရတာပါ။

သူကတော့အနုပညာအလုပ်တွေကိုကြိုးစားရင်းပရဟိတအလုပ်တွေမှာလည်းတတ်နိုင်တဲ့ဘက်ကပါဝင်ကူညီတဲ့သူတစ်ယောက်ပါ။ သူရဲ့မွန်မြတ်ဖြူစင်တဲ့စိတ်ထားလေးကလည်းပရိသတ်တွေချီးကျူးစရာပါ။ အခုမှာလည်းသီချင်းသစ်လေးတစ်ပုဒ်ကိုပရိသတ်တွေအတွက်တင်ဆက်လိုက်တာပါ။ ဒီသီချင်းသစ်လေးကအရင်ဆိုနေကြပုံစံလေးမဟုတ်ပဲပြည်ပရောက်မြန်မာတွေရဲ့အခက်ခဲတွေကိုဖော်ပြထားတဲ့သီချင်းဖြစ်ပါတယ်။ ဒီသီချင်းလေးနားထောင်ရင်းပရိသတ်တွေလည်းပြည်ပရောက်မြန်မာတွေရဲ့အခက်ခဲတွေကိုနားလည်ပြီးစိတ်မကောင်းဖြစ်မိစေမှာပါ။ ပရိသတ်တွေလည်းသူ့ရဲ့သီချင်းသစ်တွေကိုနားထောင်ရင်ပြည်ပရောက်မြန်မာတွေကိုတက်နိုင်တဲ့ဘက်ကကူညီထောက်ပံနိုင်ဖို့တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source- Yone Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။