James Bond ရုပ်ရှင်ကားဖြစ်တဲ့ Bond 25 ကားဟာဆိုရင် ခုချိန်မှာတော့ ရုပ်ရှင်ရိုက်ကူးနေစဉ်အတွင်း Daniel Craig က ခြေချင်းဝတ်မှာ ဒဏ်ရာရခဲ့ပါတယ်။ အသက် ၅၁နှစ်ရှိပြီဖြစ်တဲ့ မင်းသားဟာ သူကိုသူ မတော်တဆ ခုလိုမျိုး လုပ်မိတာဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။ ရုပ်ရှင်ရိုက်ကူးနေခဲ့တဲ့ နေရာကတော့ Jamaica မှာပဲဖြစ်ကာ တခြားသောနိုင်ငံတွေမှာလဲ ရိုက်ကူးခဲ့ပြီပါပြီး။ 

သတင်းသမားတွေရဲ့ပြောပြချက်အရ " သူဟာ ပြေးလွှာနေစဉ်မှာ ခြေချော်ပြီး ဟန်ချက်မထိုင်နိုင်ပဲ ပြုတ်ကျခဲ့ကာ ခုလိုဖြစ်သွားတာပါ " လို့ပြောပြခဲ့ပါတယ်။ ရိုက်ကွင်းမှာ ခုလိုဖြစ်ခဲ့တဲ့အတွက် ရုံတင်မဲ့ရက်ကို ပြောင်းလိုက်ရပါတယ်။ ဆက်လက်ပြီးတော့ ရိုက်ကွင်းကသူက " သူရဲ့ခြေချင်းဝတ်က ခုလိုဖြစ်သွားတော့ တော်တော်လေးကို နာကျင်ခဲ့ပြီး ဒေါသတွေထွက်ခဲ့ပါတယ်...တော်တော်လေးကိုထွက်ခဲ့တာမို့ သူရဲ့ အင်္ကျီကိုလဲ မြေကြီးပေါ်လွင့်ပစ်လိုက်ပါတယ် " လို့ပြောခဲ့ပါတယ်။ 

ခု Bond 25 ဟာဆိုရင်လဲ Daniel ရဲ့ နောက်ဆုံး James Bond ကားပဲဖြစ်ပါတယ်။ ခုကားမှာ ဗီလိန်လုပ်မဲ့မင်းသားကတော့ Bohemian Rhapsody ကားနဲ့အော်စကာဆုရခဲ့တဲ့ မင်းသား Rami Malek ပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ Queen အဖွဲ့ရဲ့ကားဖြစ်တဲ့ Bohemian Rhapsody ကားကိုကြည့်ပြီးပြီလို့ထင်ပါတယ်။ ခုBond ကားမှာဆိုရင် အရင် James Bond ကားထဲက မင်းသမီးတွေပြန်ပါလာပါတယ်။ ဘာပဲဖြစ်ဖြစ် James Bond ကားတွေဟာ တကယ့်ကို ကားကောင်းပဲမို့ စောင့်မျှော်လိုက်ပါအုန်း။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။