ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ရွှေလောင်းကျေးရွာ၌ မေ ၁၄ ရက် မနေ့က နံနက် ၉ နာရီခွဲက ရွှေလောင်းမြစ်ကူး ဇက်ရေယာဉ်ပေါ်သို့တက်စဉ် ရေယာဉ်ခြေနင်းပြား ထိန်းကြိုးပြတ် တောက်မှုကြောင့် မော်တော်ယဉ်တစ်စီး ရေနှစ်မြုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ နစ်မြုပ်မော်တော်ယာဉ်ထဲမှာ ယာဉ်မောင်းသူတစ်ဦးပါဝင်ခဲ့ပြီး ယနေ့အထိ ရှာဖွေမှုတွေ ဆက်တိုက်ပြုလုပ်နေရကြောင်း သိရပါတယ်။  

ဖြစ်စဉ်မှာ ရွှေလောင်းကျေးရွာဇက်ဆိပ်ကမ်းတွင် ရွှေလောင်းတံတားဆောက်လုပ်ရေးအထူးအဖွဲ့ ၁၅ မှ ငှါးရမ်းထားသည့် ယာဉ်အမှတ် 9j / .... JAC အမျိုးအစား ခဲ/အဖြူရောင် ယာဉ်တန်ချိန် ၁၄ တန် ကွန်ကရစ်ဖျော်ရည်များ တင်ဆောင်လျှက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ မန္တလေးမြို့ ဌာနခွဲပိုင် ရေနဂါး ၂ ဇက်ရေယာဉ်ပေါ်သို့တက်စဉ် ဇက်ရေယာဉ်၏ ရှေ့ခြေနင်းပြားထိန်းကြိုး များပြတ်တောက်သွားခဲ့ပြီး ဇက်ရေယာဉ်မှာ မြစ်ဘက်သို့ ကန်ထွက်သွားသဖြင့် နောက်သို့လျောကျ နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။ အဆိုပါ နစ်မြုပ်ခဲ့သည့် မော်တော်ယာဉ်ထဲတွင် လှိုင်သာယာမြို့နယ်နေသူ ယာဉ်မောင်း ကိုကယားကြီး (ခ) ကိုဝင်းအောင် ပါဝင်ပျောက်ဆုံးခဲ့ကြောင်း သိရပါတယ်။  

ယင်းဖြစ်စဉ်ကြောင့် တာဝန်ရှိသူများက နှစ်မြုပ်ပျောက်ဆုံးခဲ့သည့် မော်တော်ယာဉ်နှင့် ယာဉ်မောင်းအား ရှာဖွေမှုများ ဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ပါတယ်။ သေဆုံးခဲ့သည့် ယာဉ်မောင်းအား ရဲဆေးစာဖြင့် ရွှေလောင်းဆေးရုံသို့ ပို့ဆောင်ပြီး တိုက်နယ်ဆရာဝန် ဒေါက်တာမျိုးမင်းဇော်မှ PR အမှတ် ၅ /၂၀၁၉ ဖြင့် စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ ယင်းသို့ မော်တော်ယာဉ်နှင့်အတူ ယာဉ်မောင်း သေဆုံးခဲ့မှုနှင့် ပတ်သက်၍ ဇက်ရေယာဉ်အား မဆင်မခြင်မောင်းနှင်သူ ရေယာဉ်အုပ် / ရေယာဉ်မောင်း၊ ကျော်စန်းအား ရွှေလောင်နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း သိရပါတယ်။ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တဲ့ မနေ့က ဖြစ်စဉ်ပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

source- the mirror daily 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။