အခုလတ်တလော ပရိသတ်တွေကြားမှာ နာမည်ဆန်းဆန်းလေးနဲ့ အထူးရေပန်းစားအောင်မြင်နေသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ရွှေရင်အေးပဲ ဖြစ်ပါတယ်။ ရွှေရင်အေးကတော့ အများနဲ့မတူဘဲ ဆန်းသစ်လှပတဲ့ နာမည်လေးကို ပိုင်ဆိုင်ထားသလို နာမည်လေးနဲ့လိုက်အောင် လူတိုင်းရင်ကိုအေးချမ်းစေနိုင်တဲ့ အပြုံးလှလှလေးတွေရဲ့ပိုင်ရှင်မလေးလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပုရိသတွေတော်တော်များများက မင်းသမီးလေး ရွှေရင်အေးကို ဝန်းရံအားပေးနေကြတာ ဖြစ်ပါတယ်။

ရွှေရင်အေးရဲ့အနုပညာလှုပ်ရှားမှုတွေကတော့ " ကြောက်ကြောက်ကြောက် ၂ " ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုး၊ ထွန်းထွန်း၊ တိုင်ရွန်၊ နန်းဆုဦး၊ မေမြင့်မိုရ်၊ သဲနန္ဒာစိုးတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း နေတိုး၊ ထွန်းထွန်း၊ အိန္ဒြာကျော်ဇင်၊ ကာရာဗီတို့နဲ့အတူ "Box 88 " ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး မြင့်မြတ်၊ မင်းမော်ကွန်း၊ ခင်စန်းဝင်း၊ ညီညီမောင်၊ လင်းလင်း၊ ထက်ထက်(Pop Soul )၊ ထက်ထက်ထွန်းတို့နဲ့လည်း "ကျားကျားကြိုက်ကြိုက်" ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိမှာလည်း ရွှေရင်အေးက "Attention " ဇာတ်ကားကြီးမှာ မင်းသား ကျော်ကျော်ဗိုလ်နဲ့အတူ တွဲဖက်သရုပ်ဆောင်လျက်ရှိပါတယ်။ ကြော်ငြာတွေလည်း ရိုက်ကူးနေရတဲ့ ရွှေရင်အေးက နောက်လမှာလည်း အလင်းရောင်၊ ခြူးလေးတို့နဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မြင်သူတိုင်းရင်အေးစေမယ့် မင်းသမီးလေး ရွှေရင်အေးရဲ့အလှပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Shwe Yin Aye;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။