ပရိသတ်ကြီးရေ ယခုချိန်မှာ မင်းသမီးကြီးတစ်လက်ဖြစ်တဲ့ ဒေါ်နွဲ့နွဲ့စန်းကတော့ တစ်ခေတ်တစ်ခါတည်းက အနုပညာလှုပ်ရှားမှုတွေကို လုပ်ဆောင်လာခဲ့ပြီး ပရိသတ်တွေအားပေးချစ်ခင်ရတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်နော်။ဒေါ်နွဲ့နွဲ့စန်းက ဇာတ်ကားတိုင်းရဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်ပြီး အိုင်တင်ကောင်းတာကြောင့် ပရိသတ်တွေကြိုက်နှစ်သက်ကြတာဖြစ်ပါတယ်။

ယခုချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး အနုပညာအရည်အသွေးတွေကတော့ လုံးဝအပြည့်ကျန်ရှိနေပါသေးတယ်။ဒေါ်နွဲ့နွဲ့စန်းက အမေများအဖွဲ့မှာလည်း ပါဝင်ပြီး ပရိသတ်တွေအတွက် အနုပညာအလုပ်ကို အကောင်းဆုံးလုပ်ဆောင်နေတာဖြစ်ပါတယ်။သူ့ခေတ်သူ့အခါတုန်းက အရမ်းလှခဲ့ပြီး ကျက်သရေရှိခဲ့တဲ့ ဒေါ်နွဲ့နွဲ့စန်းဟာဆိုရင် ယခုချိန်ထိလည်း အေးချမ်းတဲ့အလှတရားတွေနဲ့ အရွယ်တင်နုပျိုနေဆဲဖြစ်ပါတယ်နော်။

ဒေါ်နွဲ့နွဲ့စန်း နိုင်ငံခြားကို သွားတုန်းက ဘယ်ကမ္ဘာမှာမှမရှိတဲ့ အလှ မင်းမှာရှိတယ်လို့ နိုင်ငံခြားသားကတောင် ဒေါ်နွဲ့နွဲ့စန်းရဲ့ အလှကို ချီးကျူးရပါတယ်နော်။"ကိုယ်မင်းကို စကြည့်လိုက်တဲ့ အချိန်မှာ မင်းရဲ့ မျက်လွှာလေး ဖျက်ခနဲချလိုက်တဲ့ အလှက ဘယ်လူမျိုးမှာမှ မရှိဘူး"ဆိုပြီး ချီးကျူးထားတာလေးကို အင်တာဗျူးမှာဖြေသွားခဲ့ပါတယ်နော်။ 

Source:Myanmarload TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။