လီပါပူးအသင်းကတော့ပရီးမီးယားလိဒ်ပြိုင်ပွဲကြီးပြီးဆုံးချိန်မှာတော့အဆင့်နေရာနဲ့သာကျေနပ်ခဲ့ရပါတယ်။ပါပူးအသင်းဟာချန်ပီယံဖြစ်ဖို့အတွက်နောက်ဆုံးအချိန်ထိတိုက်ပွဲဝင်ကြိုးစားခဲ့ပေမယ့်အခွင့်မသာတာကြောင့်ဒုတိယနေရာနဲ့သာကျေနပ်ခဲ့တာပါ။ပါပူးအသင်းဟာအမှတ်ပေးချန်ပီယံဆုကိုလွဲချော်ခဲ့ရပေမယ့်ဥရောပချန်ပီယံလိဒ်ပြိုင်ပွဲမှာတော့ဗိုလ်လုပွဲကိုတက်ရောက်ထားတာဖြစ်ပါတယ်။

ပါပူးအသင်းခုလိုချန်ပီယံလိဒ်ဖိုင်နယ်တွေအမှတ်ပေးဇယားအဆင့်၂နေရာမှာရပ်တည်နေရတာကတော့အသင်းရဲ့အဓိကကစားသမားတွေကြောင့်ဖြစ်ပါတယ်။အသင်းမှာအဓိကနေရာကနေအကောင်းဆုံးပံ့ပိုးမှုတွေလုပ်ပေးနိုင်တာကတော့အသင်းရဲ့အဓိကတိုက်စစ်မှူးဆာလာပဲဖြစ်ပါတယ်။အသင်းအတွက်မရှိမဖြစ်အဓိကကစားသမားနေရာကနေပြီးအကောင်းဆုံးပံ့ပိုးမှုတွေလုပ်ပေးနိုင်တာဖြစ်ပါတယ်။

သူကတော့ဘောလုံးလောကမှာအောင်မြင်နေရုံသာမကပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သူကတော့သမီးလေးတစ်ယောက်ကိုလည်းပိုင်ဆိုင်ထားပြီးသမီးလေးကလည်းဖေဖေ့အတိုင်းဘောလုံးကိုရူးသွပ်တာဖြစ်ပါတယ်။ပရီးမီးယားလိဒ်နောက်ဆုံးပွဲမစခင်မှာလည်းဆာလာရဲ့သမီးလေးဟာကွင်းထဲရောက်လာပြီးဘောလုံးကိုဂိုးထဲကန်ထည့်လိုက်တာဖြစ်ပါတယ်။ပရိသတ်တွေလည်းသူ့ရဲ့ဂိုးသွင်းမှုကိုအားပေးမှုတွေလုပ်ခဲ့တာပါ။

SOURCE:Football Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။