အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုကတော့ မနေ့က မေလ ၁၄ ရက်နေ့မှာ

ပြောကြားချက်တခုပြုလုပ်ခဲ့ပါတယ်။

သူပြောခဲ့တာကတော့ လာမယ့် ၂၀၂၀ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားအစိုးရ ဝင်ရောက်နှောက်ယှက်တာကို လုံးဝခွင့်ပြုမှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

ဒီပြောကြားချက်ကိုတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုဟာ ရုရှားနိုင်ငံကိုအလည်အပတ်ရောက်ရှိကာ ရုရှားနိုင်ငံခြားရေးဝန်ကြီး လာရော့ဗ်နဲ့ တွေ့ဆုံစဉ်ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် မိုက်ခ်ပွန်ပီယိုဟာ ရုရှားအနေနဲ့ အမေရိကန်ရွေးကောက်ပွဲမှာ ဝင်ရောက်နှောက်ယှက်တာဟာ ဆိုးရွားနေပြီးသား အမေရိကန်-ရုရှားဆက်ဆံရေးကို ပြင်းပြင်းထန်ထန်ထိခိုက်သွားလိမ့်မယ် လို့လည်း ပြောကြားခဲ့ပါသေးတယ်။

အဲ့ဒီနောက်မှာတော့ ရုရှား-အမေရိကန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ယူကရိန်းကနေ ဗင်နီဇွဲလား အရေးကိစ္စတွေအထိ ဆွေးနွေးခဲ့ကြသလို နှစ်ဖက်လုံး သဘောထားမတိုက်ဆိုင်ဘဲ အတိုက်အခံတွေ ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

Source – WSVN 7News 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။