ပရိသတ်တွေချစ်ခင်ပြီးအားကျနေရတဲ့အတွလေးကတော့ ကောင်းပြည့်နဲ့သန္တာဗိုလ်တို့အတွဲလေးပဲ ဖြစ်ပါတယ်။ သူတို့အတွဲလေးဟာ ဝါသနာပါရာအနုပညာလမ်းကြောင်းကို လျှောက်လှမ်းနေကြသူများပဲဖြစ်ပြီး ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုကိုရရှိထားသူတွေပဲ ဖြစ်ပါတယ်။ သူတို့အတွဲလေးဟာ လူတိုင်းအားကျရလောက်အောင် ချစ်စရာကောင်းပြီး အမြဲရိုနေတဲ့အတွဲလေးဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ 

သူတို့နှစ်ယောက်ဟာ ချစ်သူသက်တမ်း ၆ နှစ်ကျော်ကိုရောက်ရှိလာပြီပဲ ဖြစ်ပြီးတစ်ယောက်နဲ့တစ်ယောက်ယုံကြည်နားလည်မှုတွေနဲ့ သာယာပျော်ရွှင်တဲ့အချစ်ခရီးလမ်းလေးကိုလျှောက်လှမ်းနေကြတာပါ။ ရုပ်ရည်ချောမောပြီး လိုက်ဖက်ညီတဲ့အရပ်အမောင်းကြောင့် သူတို့နှစ်ဦး ဟာ နေနဲ့လ ရွှေနဲ့မြ လို ရှေ့သွားနောက်လိုက်ညီတဲ့ စုံတွဲလေးအဖြစ် ပရိသတ်တိုင်းရဲ့ စိတ်ဝင်တစားအာရုံစိုက်ခြင်းခံနေရတာဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် စိတ်ညစ်နေရတဲ့အချိန်များတွင်လည်း အနားမှာရှိနေပေးတဲ့ချစ်သူမျိုးကိုရထားတဲ့ သန္တာဗိုလ်အတွက်ကတော့ ဘုရားပေးတဲ့ဆုလာဘ်ထဲကတစ်ခုပါပဲ။

သန္တာဗိုလ်ဟာ လက်ရှိမှာနေမကောင်းတာကြောင့် ဆေးရုံမှာဆေးကုသမှုခံယူနေရတာပဲ ဖြစ်ပါတယ်။ ဆေးရုံတက်နေချိန်မှာတောင် အနားကတစ်ဖဝါးမှမခွာဘဲ ဂရုစိုက်လွန်းတဲ့ချစ်သူကောင်းပြည့်ကြောင့် သန္တာဗိုလ်တစ်ယောက်ကြည်နူးပီတိဖြစ်နေရတာပါ။ သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာလည်း ဆေးရုံမှာဂရုတစိုက်နဲ့ခွံ့ကျွေးနေတဲ့ကောင်းပြည့်ရဲ့ပုံရိပ်လေးတစ်ခုကိုတင်ထားတာပဲ ဖြစ်ပါတယ်။ အမြဲတမ်းအနားမှာရှိနေပေးလို့ကျေးဇူးတင်ပါတယ်ဆိုပြီး သူမရဲ့Facebook မှာရေးသားထားတာပဲ ဖြစ်ပါတယ်။ Myanmarload မိသားစုကလည်း သန္တာဗိုလ်တစ်ယောက်မြန်မြန်နေကောင်းပြီး အနုပညာအလုပ်တွေကိုအောင်မြင်စွာလုပ်ကိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Photo - Thandar Bo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။