ဘောလုံးအားကစားဟာကမ္ဘာအနှံ့နှံ့မှာပရိသတ်တွေစိတ်ဝင်စားမှုအများဆုံးနဲ့အားပေးမှုအများဆုံးအားကစားနည်းပဲဖြစ်ပါတယ်။ခုနောက်ပိုင်းမှာတော့ဘောလုံးအားကစားနည်းဟာပရိသတ်တွေကြားမှာပိုမိုအားပေးလာခဲ့ကြပြီးဘောလုံးအားကစားနည်းနဲ့တောင်နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်နေပြီဖြစ်ပါတယ်။

ဘောလုံးအားကစားနည်းဆိုတာခြေထောက်ကိုအားပြုပြီးကစားရတာဖြစ်ပါတယ်။ခုနောက်ပိုင်းမှာတော့ဘောလုံးအားကစားကိုခန္ဓာကိုယ်မသန်စွမ်းတဲ့သူတွေတောင်ကစားနေကြပြီဖြစ်ပါတယ်။ကမ္ဘာအနှံမှာခြေထောက်တွေမသန်စွမ်းပေမယ့်ဂျိုင်းထောက်ကိုအားပြုပြီးဘောလုံးအားကစာကိုရူးသွပ်စွာကစားနေကြတာပါ။

သူတို့ကတော့ပရိသတ်တွေသာမကတစ်ကမ္ဘာလုံးကတောင်ချီးကျူးနေရတာဖြစ်ပါတယ်။ခြေထောက်တစ်ဖက်မရှိတော့ပေမယ့်ဂျိုင်းထောက်တစ်ခုနဲ့ဘဝကိုအလျော့မပေးပဲအပြိုင်အဆိုင်ကစားနေကြတာကလည်းပရိသတ်တွေချီးကျူးစရာပါ။ဘဝကိုအလျော့မပေးပဲအကောင်းဆုံးကြိုးစားရှင်သန်နေကြတဲ့ခြေထောက်တစ်ဖက်မရှိပဲဘောလုံးကိုကစားနေကြတဲ့သူရဲကောင်းတွေရဲ့videoလေးကိုအတုယူဖွယ်တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Oh My Goal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။