ပရိသတ်ကြီးရေ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ယဉ်လက်ကတော့ ဖိုက်တင်ဇာတ်ကားတွေ တပ်မတော်ဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့ရင်ထဲကို ဝင်ရောက်လာသူလေးပဲဖြစ်ပါတယ်။ယဉ်လက်က အသက်ငယ်သေးပေမယ့် သူမဝါသနာပါတဲ့ အနုပညာအလုပ်ကို ကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်လို့ အခုဆိုရင် အောင်မြင်မှုလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေပါပြီနော်။ညိုစိမ့်စိမ့်လေးနဲ့ အရမ်းချစ်စရာကောင်းတဲ့ သူမက စိတ်ထားလေးလည်းဖြူစင်ပြီး ဖော်ရွေစွာနဲ့ ပေါင်းသင်းဆက်ဆံတတ်ပါတယ်။

ယဉ်လက်ရဲ့ မျက်နှာလေးက အမြဲပြုံးချိုနေပြီး ချစ်စရာကောင်းလွန်းသူလေးဖြစ်လို့ လူချစ်လူခင်ကလည်း ပေါများပါတယ်နော်။ယဉ်လက်ကတော့ မိဘတွေအပေါ်မှာလည်း သိတတ်လိမ္မာပြီး သားသမီးဝတ္တရားအကုန်ကျေပြွန်တဲ့အပြင် ဖေဖေ မေမေတို့အတွက်လည်း အမြဲတမ်းဂုဏ်ယူစေရပြီး မျက်နှာပွင့်စေရအောင် အမြဲကြိုးစားနေတဲ့ သမီးလိမ္မာတစ်ယောက်ဖြစ်ပါတယ်။

အခုဆိုရင်တော့ ယဉ်လက်က"သမီး စကားလုံး ရှာမရဘူး မေမေ နှိုင်းယှဉ်စရာမရှိဘူး မေမေ သေခြင်းတရားနဲ့ အကြိမ်ကြိမ်ရင်ဆိုင်ပြီးသမီးတို့အတွက် အသက်ရှင်ဖို့ရွေးချယ်ပေးခဲ့တာအတွက်နဲ့တင် သမီးဘဝ အရာရာပြည့်စုံပြီ..သမီးလိမ္မာပါ့မယ်..အနားမှာအမြဲရှိနေပေးပါ..ရွေးချယ်ခွင့်ရှိရင်..ဖေဖေနဲ့မေမေ့ထက် သမီး အရင် သေခွင့်ရချင်တယ်"ဆိုပြီး သူမရဲ့ မိဘတွေအပေါ်ချစ်တဲ့ အချစ်တွေကို ရေးသားမျှဝေထားပါတယ်နော်။

Source:Yin Let

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။