မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားကတော့အသင်းအတွက်ပေးဆပ်လိုစိတ်မရှိတဲ့ကစားသမားတစ်ဝက်လောက်ကိုရောင်းထုတ်တော့မယ့်လို့ပြောကြားခဲ့ပါတယ်။မန်ယူအသင်းဟာပရီးမီးယားလိဒ်နောက်ဆုံးပွဲစဉ်မှာတန်းဆင်းရတော့မယ့်ကာဒစ်အသင်းကိုအရှက်တကွဲရှုံးနိမ့်ခဲ့တာကြောင့်ဆိုးလ်ရှားကခုလိုပြောပြခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းဟာဒီနှစ်ဘောလုံးရာသီမှာဆိုးရွားတဲ့ရလဒ်တွေနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပြီးချန်ပီယံလိဒ်ဝင်ခွင့်နဲ့တောင်လွဲချော်ခဲ့ရတာဖြစ်ပါတယ်။နည်းပြဆိုးလ်ရှားကိုတရားဝင်နည်းပြမခန့်အပ်မီမှာရလဒ်ကောင်းခဲ့ပေမယ့်တရားဝင်နည်းပြခန့်အပ်ပြီးမှာတော့ရှံးပွဲတွေဆက်တိုက်ကြုံခဲ့ရတာပါ။အသင်းရဲ့ကစားသမားတွေကလည်းလစာကိစ္စကြောင့်အသင်းနဲ့နားလည်မှုတွေလွဲခဲ့တာဖြစ်ပါတယ်။

ပေါ့ဘာ၊ဒီဂီယာ၊ဟာရဲရားစတဲ့ကစားသမားတွေကအသင်းကထွက်ခွာချင်နေတာဖြစ်တာကြောင့်ကစားတဲ့ပွဲစဉ်တွေမှာပရိသတ်ဝေဖန်မှုတွေကြုံခဲ့ရတာပါ။ခုမှာတော့နည်းပြဆိုးလ်ရှားကအသင်းအတွက်ကစားပေးချင်စိတ်မရှိတဲ့ကစားသမားတွေနေရာမှာလူသစ်တွေနဲ့ဖြည့်တင်းချင်တာဖြစ်ပါတယ်။ဒါကြောင့်နောင်နှစ်ဘောလုံးရာသီမှာတော့ကစားသမားသစ်တွေနဲ့တဖန်မန်ယူအသင်းကိုပြန်လည်တွေ့ရဖို့ရှိနေတာပါ။

Source:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။