Makeup Artist တစ်ယောက်ဖြစ်တဲ့ ဟန်နာယူရီတစ်ယောက် တစ်ခါတရံမှာ Model အဖြစ်နဲ့လည်း သူမကိုတွေ့ရတတ်ပါသေးတယ်။ ကိုရီးယားမလေးတွေလို ချစ်စရာကောင်း လွန်းတဲ့ သူမဟာ အလုပ်ကြိုးစားပြီး ကိုယ့်တာဝန်ကိုယ်ကျေပွန်သူတစ်ယောက်ပါပဲ။ အနုပညာလှုပ်ရှားမှုတွေ အများကြီးမရှိပေမယ့် သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ် တွေအများအပြားပါပဲ။ Horror Movie တွေမှာ SFX Makeup Look တွေလည်း သူမက လက်ရာမြောက်စွာလိမ်းခြယ်တတ်သူတစ်ယောက်ပါ။

လက်ရှိမှာတော့ အချစ်ရေးက Single အဖြစ်ရှိနေပြီး အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင် နေတဲ့ သူမရဲ့ပုံစံလေးက ချစ်စရာကောင်းလွန်းနေပါတယ်။ မိတ်ကပ်သင်တန်းတွေလည်း ဖွင့်လှစ်ထားပြီး Professional Makeup Artist တစ်ယောက်လည်းဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ မိတ်ကပ် Jet Jet ရဲ့ ပြင်ဆင်မှုနဲ့ ဘာဘီအရုပ်မလေးလို ချစ်စရာ ကောင်းလွန်းနေတဲ့ သူမရဲ့ပုံရိပ်လေးတွေက အကြည့်တွေလွှဲချင်စရာကိုမရှိပါဘူး။

ဘာဘီအရုပ်မလေးပုံစံပြင်ဆင်ထားတဲ့ သူမရဲ့ပုံရိပ်လေးတွေကို " New look " ဆိုပြီး တင်လိုက်တာပဲဖြစ်ပါတယ်။ ဆံပင်ပုံစံပါပြောင်းလဲလိုက်ပြီး အရင်ကနဲ့မတူတဲ့ ပုံစံအသစ် တစ်ခုနဲ့ ဟန်နာယူရီတစ်ယောက် ပြိုင်စံရှားကို လှသွေးကြွယ်လွန်းနေပါတယ်။ ဘယ်လို ပုံစံမျိုးပဲပြင်ဆင်ပါစေ လှတဲ့သူက လှပြီးသားပဲမို့ ပြောစရာမလိုအောင် ပြည့်စုံလွန်းတဲ့ အလှဘုရင်မလေး ဟန်နာယူရီရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပြီနော်။

Photo - Hanna Yu Ri / Jet Jet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။