ဆိုးလ်ရှားရဲ့ ယူနိုက်တက်ကတော့ အသင်းကြီးတွေရဲ့ ရှုံးပွဲဆက်နေမှုကို အခွင့်အရေး မယူနိုင်ဘဲ တန်းဆင်းသွားပြီ ဖြစ်တဲ့ ဟတ်ဒါဖီးလ်တောင်းကိုတောင် သရေကျခဲ့ပါတယ်။ ပွဲအစပိုင်းမှာ တိုက်စစ်ဆင်ကစားခဲ့တဲ့ ယူနိုက်တက်တို့ ဦးဆောင်ဂိုးရခဲ့ပြီးမှ သရေကျခဲ့တာပါ။အခုတော့ မန်ယူတို့ အရှုံးတွေနဲ့ ပဲ ရာသီပိတ်သိမ်းခဲ့ပါတယ်။  

မန်ချက်စတာယူနိုက်တက်အသင်းမှာရှိတဲ့ ကစားသမား တဝက်လောက်ကို ရောင်းထုတ်ပြီး အသင်းကို ပြန်လည်တည်ဆောက်ဖို့ ပြင်ဆင်နေတယ်လို့ နည်းပြ ဆိုးလ်ရှားက ပြောကြားလိုက်ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၁၈-၂၀၁၉ ပရီးမီးယားလိဂ်မှာ အဆင့် ၆ နေရာသာ ရရှိခဲ့တဲ့အတွက် ယူရိုပါလိဂ်ကို ရှုံးထွက်အဆင့်ကနေစပြီး ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ 

ဆိုးရှားကတော့ ရာသီအလယ်မှာ နည်းပြတယောက် ဆုံးရှုံးရတာ အသင်းသားတွေအတွက် ခက်ခဲစေကြောင်း၊ ပြီးခဲ့တဲ့ရာသီဟာ အချိန်ကြာမြင့်ခဲ့ပြီး လူရောစိတ်ပါ ခံစားမှုအပြည့်အဝ ရခဲ့ကြောင်း ဆိုးလ်ရှားက ပြောပါတယ်။မန်ယူအသင်းကထွက်နိုင်ခြေရှိတဲ့လူတွေကတော့ ပေါ့ဘာ ဒီဂီယာ ဆန်းချက် လူကာကူ စမောလင်း ဘိုင်လီတို့ပဲဖြစ်ကြပါတယ်။

SOURCE: DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။