၂၁ရာစုခေတ်ကြီးထဲမှာ ရောဂါ အမျိုးအစားတွေပေါများလာသလို ဆေးကောင်း၊ ဝါးကောင်းများနှင့် သဘာဝကပေးတဲ့ နည်းလမ်းကောင်းများလည်းရှိပါသေးတယ်..။ ထိုအထဲကမှ ဆီးချိုရောဂါနဲ့ပတ်သက်၍ တားဆီးထိန်းညှိနိုင်မှာဖြစ်တဲ့ ယောဂကျင့်စဉ် အကြောင်းလေးကို အသိပါးပါရစေ...။ ရှေးအိန္ဒိယ ယောဂဆရာများက "ယောဂကျင့်စဉ်" ကို "ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ဝိညာဉ်တို့ကို ထိန်းညှိပေးပြီး၊ ခန္ဓာကိုယ်တစ်ခုလုံးကို မျှတအောင် ပြုလုပ်ပေးတဲ့ ကျန်းမာရေးအားကစားတစ်ရပ်ဖြစ်တယ်လို့" အခုလိုပဲ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်....။


ယောဂဟာ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအပေါ် ပံ့ပိုးပေးသော စနစ်ကိုပြုစုပျိုးထောင်ပေးခြင်းနှင့်၊ ဆီးချို၊ သွေးချိုရောဂါတွေအတွက် အဓိကအားထားရာ "technique" "နည်းစနစ်ကောင်း" တစ်ခုလို့ဆိုရမှာပါ။ လူသားဆိုင်ရာ ရောဂါများကို ကုသမှုအတွက်အကျိုးရှိကြောင်းကိုလည်း ယောဂ၏သိပ္ပံအတွင်းရှိသော နည်းစနစ်များက အမျိုးမျိုးဖော်ပြထားပါသေးတယ်။ ကမ္ဘာအနှံ့မှာ လူသန်းပေါင်းများစွာကို အသက်အန္တာရာယ် ထိခိုက်စေမယ့် ဆီးချိုရောဂါဖြစ်ရခြင်းအကြောင်းအရာတွေဟာ အချိုအစိမ့်တွေ အစားများခြင်းနှင့် မျိုးရိုးဗီဇနဲ့လည်းဆိုင်ပါသေးတယ်...။ ငယ်ရွယ်စဉ်အတွင်းမှာပဲ နာတာရှည်ရောဂါဆိုး အခြေအနေကို ဖြစ်ပေါ်ခြင်း...၊ ခန္ဓာကိုယ်ထဲမှာ ပန်ကရိယ အားထုတ်လုပ်မှု အနည်းငယ်သာရှိခြင်း သို့မဟုတ် အင်ဆူလင်၏ ထိန်းချုပ်မှု မမျှတခြင်းတို့ကို ဖြစ်ပေါ် စေပါတယ်...။

ယောဂကျင့်စဉ်ကို ဘေးထွက်ဆိုးကျိုးရှိမှာ မစိုးရိမ်ရဘဲ စိတ်ချလက်ချ ဆော့နိုင်ပါတယ်...။ ဆီးချိုရောဂါအား ကာကွယ်ခြင်းနှင့် အတက်အကျကို သဘာဝနည်းဖြင့် ထိန်းညှိကူညီပေးသော "Asana"ယောဂကျင့်စဉ်ဖြင့် လူနေမှုဘဝပုံစံကိုပြောင်းလဲပေးဖို့ ရှေးအိန္ဒိယဆရာ "Akshar" ကဆိုမိန့်ထားပါတယ်...။ ပရိသတ်ကြီးလည်း ဆီးချိုရောဂါမဖြစ်ရအောင် အစားအသောက်ဆင်ခြင်၍ အထက်မှာဖော်ပြထားတဲ့ ယောဂကျင့်စဉ်ကိုလည်း အချိန်ရသလိုလေ့လာသွားပါဦးနော်...။

Source The Indian EXPRESS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။