ပရိသတ်ကြီးရေ အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေရဲ့ရင်ကို ထိုးဖောက်ဝင်ရောက်နိုင်တဲ့ မင်းသမီးချောလေး အေးမြတ်သူကတော့ အခုနောက်ပိုင်းမှာ သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေ ပိုပိုများပြားလာတာကိုတွေ့ရပါတယ်။ပရိသတ်တွေက အေးမြတ်သူရဲ့ ဖြူစင်တဲ့စိတ်ထားလေးနဲ့ ဖော်ရွေတတ်တဲ့အပြုအမူလေးတွေကြောင့် သူမကို အရမ်းချစ်လာကြတာဖြစ်ပါတယ်။

အေးမြတ်သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုဆိုရင်လည်း သူမရဲ့ပိုင်နိုင်တိကျတဲ့ အိုင်တင်တွေကြောင့် ပရိသတ်တွေက ကြိုက်နှစ်သက်ကြပြီး အရမ်းတော်တယ်လို့ ချီးကျူးကြပါတယ်။အေးမြတ်သူက အမြဲတမ်းကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်ပြီး သင်ဆရာမြင်ဆရာကြားဆရာ အကုန်လုံးကိုလည်း ရိုသေသိတတ်တဲ့ အနုပညာရှင်ကောင်းတစ်ယောက်ပါနော်။

အေးမြတ်သူရဲ့ အနုပညာလှုပ်ရှားမှုတွေကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေပြီး ဖိတ်ကြားလာတဲ့ ပွဲအခမ်းအနားတွေကို တက်ရောက်နေပါတယ်။အခုဆိုရင်လည်း Vaseline ရဲ့ ပွဲလေးကို တက်ရောက်လာပြီး လွတ်လပ်ပေါ့ပါးတဲ့ ဟန်ပန်တွေနဲ့ အရမ်းချစ်စရာကောင်းနေပါတယ်။အေးမြတ်သူကတော့"ကိုကိုသိပ်ချစ်ရတဲ့ကောင်မလေးဖြစ်ချင်တယ်"ဆိုပြီး သူမရဲ့ ချစ်စဖွယ်ပုံလေးတွေနဲ့အတူ ရေးသားထားပါတယ်နော်။

Source:Myat Lay ML

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။