စိတ်ထားဖြူစင်ပြီး မကြာခဏဆိုသလို အလှူလေးတွေလုပ်တတ်တဲ့ မော်ဒယ်သရုပ်ဆောင် ရွှေပိုးအိမ်တစ်ယောက် လှည်းကူးမှာရှိတဲ့ မေတ္တာမွန်ပရဟိတကျောင်းက မိဘမဲ့ကလေးတွေ ပျော်ရွှင်စေဖို့အတွက် ကစားကွင်းလိုက်ပို့ပေးခဲ့တာပဲဖြစ်ပါတယ်။ ကစားကွင်းကလည်း ကလေးတွေပျော်ရွှင်စေဖို့ရည်စူးပြီး အားလုံးကို အခမဲ့ကစားခွင့် ပေးခဲ့ပါတယ်။ ကလေးတွေကိုလည်း Volunteer Team က ကူညီစောင့်ရှောက် ပေးခဲ့ပါ တယ်။

မေတ္တာငတ်နေတဲ့ ကလေးတွေကို အခုလိုဝိုင်းဝန်းပြီးမေတ္တာထားကြတဲ့ မြင်ကွင်းလေးဟာ တကယ်ကိုကြည်နူးစရာကောင်းလွန်းပါတယ်။ ကလေးတွေနဲ့ Volunteer Team ကို အာဟာရဒါနအဖြစ် ခေါက်ဆွဲကြော်နဲ့ ကြာဇံကြော်တွေ ကျွေးမွေးလှူဒါန်းခဲ့ပါသေး တယ်။ အမြဲလိုလို လိုအပ်တဲ့နေရာလေးတွေမှာ ဖြည့်ဆည်းပေးတတ်ပြီး စိတ်ထားကောင်း တဲ့ နှလုံးသားလှသူလေးမို့ အားလုံးကအချစ်ပိုနေရသူလေးပါပဲ။

သူမရဲ့ကြည်နူးစရာအလှူပုံရိပ်လေးတွေနဲ့အတူ " ဆွမ်းစားဆောင်နှင့် ကလေးတွေ ထမင်းစားဆောင် ဆောက်လုပ်ရန်အတွက် အလှူငွေ သိန်း ၂၀၀ ကျော် လိုအပ်နေပါ တယ်ရှင် " ဆိုပြီး ထပ်မံအလှူခံပေးခဲ့ပါသေးတယ်။ ပရိသတ်ကြီးထဲက လှူချင်တဲ့သူများ ရှိရင် ကိုယ်သဒ္ဒါတတ်အားနိုင် သလောက် သွားရောက်လှူဒါန်းလိုက်ပါဦးနော်။

Photo - Shwe Poe Eain

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။