မကြာခဏဖြစ်ပွားနေတဲ့ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် အဆောက်အဦးတွေနဲ့အတူ ဘုရားစေတီပုထိုးတွေလည်းပျက်ဆီးမှုတွေများစွာရှိခဲ့ပါတယ်။ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ယမန်နေ့ ညနေ ၃ နာရီ ၃၀ မှ ၄ နာရီအထိ မိုးသက်လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မွေတော်ရပ်ကွက် အတွင်းရှိ နန်းဖတ်ခုမ်စေတီဝန်းအတွင်း ဉာဏ်တော်အမြင့် ၄၅ ပေရှိသော လှိုင်ခေါင်းပေါက်စေတီတော်၏ ထီးတော်သည် လေပြင်းတိုက်ခတ်မှုကြောင့် ထီးတော်မြေခဲ့ရကြောင်း သိရပါတယ်။  

ဒါ့အပြင် ကျောင်းပေါ်သို့ သစ်ကိုင်းများ ကျိုးကျခဲ့ရာ နန်းဖတ်ခုမ်ကျောင်းဆရာတော် ဦးအဂ္ဂဝံသမှ ဦးဆောင်၍ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် လ.ဝ.က ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များဖြင့် ဝိုင်းဝန်းပူးပေါင်းပြီး သစ်ကိုင်းများ ဖယ်ရှားရှင်းလင်းခဲ့ရာ မြေခခဲ့သော ထီးတော်အား ပြန်လည်ရှင်းလင်းသယ်ဆောင်၍ ဆရာတော်ထံ ပြန်လည်အပ်နှံခဲ့ကြကြောင်း သိရပါတယ်။ မြေခခဲ့သော လှိုင်ခေါင်းပေါက်စေတီတော်၏ ထီးတော်အား ဆရာတော်မှ ဦးဆောင်၍ စေတနာရှင် အလှူရှင်များ စုပေါင်းပြီး ထီးတော်ပြန်လည်တင်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရပါတယ်။  

မောက်မယ်မြို့နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့သော်လည်း ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် လူနေအိမ်များ၊ တောင်သူများ စိုက်ပျိုးထားသည့် သီးနှံများ ပျက်စီးဆုံးရှုံးမှုမရှိကြောင်းနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံမှ သိရပါတယ်။ ပြည်တွင်းမကြာခဏဖြစ်ပွားလျှက်ရှိတဲ့ လေပြင်းတိုက်ခတ်မှုတွေထဲက ထီးတော်မြေခခဲ့တဲ့ လှိုင်ခေါင်းပေါက်စေတီတော်ရဲ့ ပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

source - MoI Webportal Myanmar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။