နှစ်စဉ်ကျင်းပပြုလုပ်လျှက်ရှိတဲ့ ကဆုန်ညောင်ရေသွန်းပွဲကို ပြည်တွင်းနေရာအနှံ့အပြားမှာ ပြုလုပ်လျှက်ရှိပြီး တစ်နှစ်ထက်တစ်နှစ်ပိုမိုစည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်လေ့ရှိတာတွေ့ရပါတယ်။ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင်လည်း ဝိုင်ဘီအေ ဗုဒ္ဓဘာသာလူငယ်များအသင်းမှကြီးမှူး၍ ဘုရားငါးဆူ ကွင်းအတွင်းတွင် နှစ်စဉ်ကဆုန်ညောင်ရေသွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း သိရပါတယ်။  

အဆိုပါညောင်ရေသွန်းပွဲကို ယခုနှစ်တွင် (၇၅)ကြိမ်မြောက်အဖြစ် ဒီပင်္ကရာ မြတ်စွာဘုရားရုပ်ပွားတော် ရေသွန်းလောင်းပူဇော်ပွဲကို မေလ (၁၅)ရက်မှ(၁၉) ရက်အထိ (၅)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ကဆုန်ညောင်ရေသွန်းပွဲတော်ကျင်းပရန် ဘုရားငါးဆူကွင်း၌ ယာယီစံကျောင်းတော်တွင် ပူဇော်မည့် ဒီပင်္ကရာ မြတ်စွာဘုရား ရုပ်ပွားတော်အား မေလ(၁၅)ရက် နံနက်(၇)နာရီတွင် မြို့တွင်းသို့ ဒေသစာရီ လှည့်လည်ပူဇော်ပွဲ ကျင်းပခဲ့ကြပါတယ်။  

ယခုနှစ်တွင် ထူးခြားစွာဖြင့် ကဆုန်ညောင်ရေသွန်းပွဲတော် (၇၅)ကြိမ်မြောက် အထိမ်းအမှတ်အဖြစ် ဗုဒ္ဓဘာသာ လူငယ်များအသင်းမှ ဆိုင်ကယ်(၃)စီးနှင့် အခြားဆုမဲများကို မေလ(၁၉)ရက် ည(၈)နာရီတွင် စေတနာရှင် အလှူရှင်များ၊ ဝေယျာဝစ္စ ကုသိုလ်ပြုသူများအား မဲဖောက်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပွဲတော်ရက်များအတွင်း ညပိုင်းများတွင် ဘုရားဖူးပြည်သူများကို ဘုရားငါးဆူကွင်းအတွင်း၌ ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း ဗုဒ္ဓဘာသာလူငယ်များအသင်း အတွင်းရေးမှူး ဦးမြင့်ဝေကပြောကြားထားပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။