ကိုးရီးယားမင်းသမီးတစ်ယောက်လိုချစ်ဖို့ကောင်းတဲ့ အိန်ဂျယ်လမုန်ဟာဆိုရင် အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်လျက်ရှိပြီး ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို ရရှိထားတာဖြစ်ပါတယ်..။ ဒီဇိုင်းဆန်းသစ်လှပသော ဖက်ရှင်အလန်းစားလေးတွေကို အမြဲဝတ်ဆင်လေ့ရှိပြီး မြင်သူတကာအပေါင်းကို ဆွဲဆောင်ဖမ်းစားလေ့ရှိတာပါနော်...။ အိန်ဂျယ်လမုန်ဟာ ခန္ဓာကိုယ်ပြေပြစ်သွယ်လျပြီး ဖြူဖွေးဝင်းပတဲ့ အသားအရေကိုလည်းပိုင်ဆိုင်ထားတာပါနော်...။ အိန်ဂျယ်လမုန်ဟာ စိတ်သဘောထားဖြူစင်မြင့်မြတ်သူလည်းဖြစ်ပါတယ်..။

"လေဆန်ကကြိုး" ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တဲ့ အိန်ဂျယ်လမုန်ဟာဆိုရင် photo shooting တွေနဲ့ ကြော်ငြာမဂ္ဂဇင်းတွေကိုလည်း လက်ခံရိုက်ကူးထားတာဖြစ်ပါတယ်...။ သူမဟာဆိုရင် အခမ်းအနားဖွင့်ပွဲနှင့် red carpet show ပွဲတွေကိုလည်း တက်ရောက်ခဲ့တာဖြစ်ပါတယ်...။ အပန်းဖြေခရီးတွေ ထွက်လေ့ရှိတဲ့သူမဟာဆိုရင် သူငယ်ချင်းတွေနဲ့လည်း အေးချမ်းစွာ ဘဝကြီးကို ဖြတ်သန်းနေသူတစ်ယောက်လည်းဖြစ်ပါတယ်...။ အိန်ဂျယ်လမုန်ရဲ့ ကမ်းခြေထက်ကပုံရိပ်တွေဟာဆိုရင်လည်း တစ်ကယ့်ကိုဆွဲဆောင်မှုရှိလှပတာပဲဖြစ်ပါတယ်...။

အိန်ဂျယ်လမုန်ဟာ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြ ပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုလိုပရိသတ်တွေ အပေါ် အလေးထားပြုမူဆက်ဆံတက်တဲ့ စိတ်ထားလေးဟာဆိုရင် အင်မတန်ချစ်ဖို့ကောင်းတာဖြစ်ပါတယ်...။ ဂါဝန်လေးတွေကို နှစ်သက်မြတ်နိုးစွာ ဝတ်ဆင်လေ့ရှိတဲ့ အိန်ဂျယ်လမုန်ရဲ့ စွဲမက်ဖွယ်အလှပုံရိပ်လေးတွေကို Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှ ဝေပေးလိုက်ပါတယ်နော်..။

Source Angel Lamung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။