မမ သင်ဇာလို့ အားလုံးက ချစ်စနိုးခေါ်ဝေါ်ကြတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ အလန်းစားဖက်ရှင်တွေနဲ့ အမြဲတမ်းပေါ်လွင် လှပနေတ်သူ ဖြစ်ပါတယ်။ တစိမ့်စိမ့်ထိုင်ကြည့်ရင်တောင်မှ အလှမပျက်ဘဲ ချစ်ဖို့ကောင်းနေတဲ့ သင်ဇာလေးက ဆွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းအလှတွေကြောင့် ယောက်ျားထုကြီးရဲ့အသည်းနှလုံးကို ကိုင်လှုပ်နိုင်စွမ်းရှိတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ သင်ဇာက သူမအပေါ်အရမ်းနားလည်မှုရှိတဲ့ ချစ်သူကို ပိုင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

အခုရက်ပိုင်းမှာတော့ သင်ဇာက " သူ ဘယ်သူလဲ " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မင်းသားချောလေး ပိုင်တံခွန်နဲ့အတူ ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ကြော်ငြာတွေလည်း လက်ခံရိုက်ကူးနေတဲ့ သင်ဇာက တစ်နေ့တစ်ခြား ပိုပိုပြီး အောင်မြင်လာတာ တွေ့ရပါတယ်။ အခုလည်း သင်ဇာက ယောက်ျားလေးပုံစံပြောင်းပြီး မိန်းကလေး ပရိသတ်တွေရဲ့အသည်းကိုပါ ကြွေကျသွားစေနိုင်မယ့် ဗီဒီယိုဖိုင်လေးတစ်ခုကို တင်ပေးလိုက်ပါတယ်။

သင်ဇာက အခုတလောမှာ ခေတ်စားနေတဲ့ မိန်းကလေးပုံစံကနေ ယောက်ျားလေးပုံစံပြောင်းတဲ့ App လေးတစ်ခုနဲ့ ရုပ်ပြောင်းလဲပြလိုက်တာပဲ ဖြစ်ပါတယ်။ " ဟိတ် အသည်းလေး ဟျောင့် ချစ်လား ဟျောင့် " ဆိုပြီး ပရိသတ်တွေကို ရုပ်ပြောင်လေးနဲ့ စနောက်ထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ယောက်ျားလေးပုံစံပြောင်းပြီး ပရိသတ်တွေကို နောက်ပြောင်ထားတဲ့ သင်ဇာဝင့်ကျော်ရဲ့ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Thin Zar Wint Kyaw;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။