ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားသလို သာယာပျော်ရွှင်တဲ့ အချစ်ရေးလေးကို ပိုင်ဆိုင်ထားတဲ့ ဆယ်လီစုံတွဲတွေထဲမှာ အဆိုတော် သားဂန်းနဲ့ သရုပ်ဆောင်ဘေဘီမောင်တို့ စုံတွဲလေးကလည်း အပါအဝင်ပါပဲ..။

အနုပညာလောကမှာ မတူညီတဲ့နယ်ပယ်အသီးသီးကနေ ပရိသတ်ကိုယ်စီနဲ့ အောင်မြင်မှုတွေ ရရှိထားကြသလို အနုပညာအလုပ်တွေကိုလည်း တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီရင်း လက်တွဲညီညီ လုပ်ဆောင်နေကြတာလည်း တွေ့ရပါတယ်..။


ပရိသတ်တွေရဲ့ အချစ်တော် သားဂန်းနဲ့ ဘေဘီမောင်တို့ စုံတွဲလေးကတော့ လတ်တလောမှာ မိသားစုတွေနဲ့အတူ ခရီးထွက်ရှိနေကြပြီး ခရီးသွားပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် အလွမ်းပြေလေး မျှဝေထားပါသေးတယ်..။

ပြီးခဲ့တဲ့ ရက်ပိုင်းကတည်း ခရီးသွားနေကြတာဖြစ်ပြီး အားကျစရာကောင်းလွန်းတဲ့ ကြည်နူးပျော်ရွှင်စရာ အမှတ်တရပုံလေးတွေကိုလည်း ပရိသတ်ကြီး မြင်တွေ့ရမှာပါနော်..။


“မင်းရှိခဲ့ရင် ကြည်ကြည်နူးနူးဘဝမှာ ချစ်လို့မဝပါ..” ဆိုတဲ့ စာသားလေးနဲ့အတူ နှစ်ယောက်တူ ဓာတ်ဖမ်းရိုက်ကူးထားတဲ့ အမှတ်တရပုံရိပ်လေးတွေကတော့ တကယ်ကို ကြည်နူးအားကျစရာပါပဲနော်..။

သားဂန်းနဲ့ ဘေဘီမောင်တို့ရဲ့ ချစ်သူစုံတွဲလေးကတော့ ပရိသတ်တွေကို အမြဲအားကျအချစ်ပိုစေပြီး ဒီကနေ့လေးမှာလည်း စုံတွဲပုံလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ထပ်မံသိမ်းပိုက်လိုက်တာပဲ ဖြစ်ပါတယ်နော်..။

Photo - သားဂန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။