ကင်မ် ကာဒါရှန်ဟာဆိုရင် သူရဲ့ထုတ်ကုန်ပစ္စည်းတစ်ခုအတွက် သူမကိုယ်တိုင် မော်ဒယ်မငှားပဲ ပုံတွေရိုက်ခဲ့ပါတယ်။ သူမရဲ့ထုတ်ကုန်ပစ္စည်းကတော့ မိတ်ကပ်ပစ္စည်းတွေပဲဖြစ်ကာ သူဟာဆိုရင်လဲ အောင်မြင်ကျော်ကြားတဲ့ စီပွားရေးသမားတစ်ယောက်ဖြစ်ကာ တခြားသော မော်ဒယ်နဲ့ မင်းသမီးလောကမှာလဲ သူမဟာ ကျော်ကြားပါတယ်။ သူမရဲ့ ယောကျ်ားကတော့ ကမ္ဘာကျော်အဆိုတော့ Kanye West ပဲဖြစ်ကာ ပရိသတ်ကြီးလဲ သိမှာပါ။ 

တနင်္လာနေ့တုန်းကဆိုရင် သူမဟာ ရိုက်ထားခဲ့တဲ့ပုံတွေကို ပြန်လည်မျှဝေပေးခဲ့ကာ သူမရဲ့ထုတ်ကုန်ပစ္စည်းတွေကတော့ မေလ ၂၄ရက်နေ့မှာ ထွက်ရှိမှာပဲဖြစ်ပါတယ်။ အသက် ၃၈နှစ်ရှိပြီဖြစ်တဲ့ ကင်မ် ဟာ အဖြူရောင်မြင်းပေါ်မှာ စီးကာ အဖြူရောင် ဝတ်စုံကိုဝတ်ဆင်လျက် pose ပေးကာရိုက်ခဲ့ပါတယ်။ ပုံမှာတွေ့တဲ့အတိုင်းပါပဲ ကျော့မော့လှပနေတဲ့ အလှပဂေးလေး ကင်မ် ကာဒါရှန်ကို တွေ့ရမှာဖြစ်ပါတယ်။  

Kim မှာဆိုရင် ကလေး ၄ယောက်ရှိပေမဲ့ သူမရဲ့အလှကတော့ ပရိသတ်ကြီးတွေ့တဲ့အတိုင်း ထိန်းသိမ်းထားတာကို တွေ့ရှိရမှာပါ။ ပြီတော့သူမကလဲ မိတ်ကပ် ထုတ်လုပ်သူဆိုတော့ ခုလို အလှတရားကို ထိန်းနိုင်တာလဲပါမှာပါ။ သူမရဲ့ Company နာမည်ကတော့ KKW ပဲဖြစ်ပါတယ်။ သူမရဲ့ Half-Sister တွေကတော့ နာမည်ကျော် Kendall Jenner နဲ့ Kylie Jenner တို့ပဲဖြစ်ကာ Kylie လဲ စီပွားရေးနယ်ပယ်မှာ ကျယ်ပြန့်ကာ အသက်ငယ်ဆုံး ဘီလျံနာတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။