Selena Gomez ဟာဆိုရင် အင်္ဂါနေ့တုန်းက သူနဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့ကြတဲ့ Tilda Swinton နဲ့ Chloë Sevigny တို့နဲ့အတူ Cannes ရုပ်ရှင်ပွဲတော်ကို တက်ရောက်ခဲ့ပါတယ်။ သူတို့အပြင် တခြားသောအနုပညာရှင်တွေ တက်ရောက်ခဲ့ပါတယ်။ သူတို့ရဲ့ရုပ်ရှင်ကားဖြစ်တဲ့ The Dead Don't Die ဆိုတဲ့ကားရဲ့ ဖွင့်ပွဲဟာလဲ အဲ့ပွဲတော်မှာပဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပရိသတ်ကြီးလဲ အဲ့ကား ကြော်ငြာတွေကို ကြည့်ပြီပြီလို့ထင်ပါတယ်။ 

The Dead Don't Dieမှာပါဝင်တဲ့ ဒိတ်ဒိတ်ကြဲ သရုပ်ဆောင်တွေကတော့ Bill Murray , Adam Driver နဲ့ Tilda Swinton တို့ပဲဖြစ်ကာ Bill ကိုတော့ လူတိုင်းသိမှာပါ။ Adam ကတော့ Star War ကားကိုသိတဲ့သူတိုင်း သိရှိကြမှာဖြစ်ပြီး Tilda ကိုလဲ ပရိသတ်တွေ နာမည်ကြီးကားတွေမှာတွေ့ဖူးမှာပါ။ ကားဟာဆိုရင်တော့ Zombie ကားဖြစ်ကာ ဟာသဘက်ကိုရောက်ပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ်ပါ ကားရဲ့ကြော်ငြာနဲ့တင် ကြည့်ချင်မိတယ်။ Selena Gomez လဲပါဝင်ထားတော့ သူရဲ့ပရိသတ်တွေကတော့ မလွတ်တမ်းကြည့်ကြမှာပါပဲ။ ခုပွဲကို တက်ရောက်လာတဲ့ သူတို့ အုပ်စုအပြင် တခြားသော အနုပညာရှင်တွေရဲ့ ပွဲတက်ဝတ်စုံတွေကိုလဲ ပြန်လည် မျှဝေပေးလိုက်ပါတယ်။ ကားဟာဆိုရင်တော့ June 14 မှာထွက်ရှိမှာဖြစ်ပြီး ကြော်ငြာမကြည့်ရသေးတဲ့သူတွေအတွက် Trailer ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။