လူတွေဟာ တစ်ခုမဟုတ်တစ်ခု အမြဲတမ်းလိုလို ခံစားရလေ့ရှိပါတယ်။ ဘာကိုခံစားရလဲဆိုတာကတော့ အဲ့လူအပေါ်ကို မူတည်လေ့ရှိတာကိုလဲ လူတိုင်းသိကြမှာပါ။ ခုချိန်မှာတော့ ကိုယ့်ကိုကို တစ်ခါမှ လူလို့မခံစားရဘဲ သူ့ရဲ့ဘဝကို ခွေးတစ်ကောင်လိုပဲ နေထိုင်းသွားတဲ့သူအကြောင်းပဲဖြစ်ပါတယ်။ Greater Manchester မြို့က အသက် ၃၇နှစ်အရွယ်ရှိပြီဖြစ်တဲ့ Kaz James ကသူ့ကိုသူ လူလို့မခံစားရပါဘူး။ 

သူဟာ ငယ်ငယ်လေးကတည်းက လူလို့မခံစားရပဲ ခွေးတစ်ကောင်လိုခံစားခဲ့ရပါတယ်လို့ ပြောပြခဲ့ကာ သူ့အတွက်လဲ အဲ့လိုအဖြစ်ဟာ တကယ်ကိုထူးဆန်းနေကြောင်းကိုပြောပြခဲ့ပါတယ်။ နောက်ပိုင်း သူအရွယ်ရောက်လာတဲ့ချိန်မှာ အဲ့ခံစားရမှုဟာ ပိုမိုသိသာလာခဲ့ပါတယ်။ သူကို ဆေးဘက်ဆိုင်ရာအကူတွေလုပ်ခဲ့ပေမဲ့လဲ ဒါသူရဲ့ရွေးချယ်မှုတစ်ခုပဲလေ...သူ့ကိုသူရဲ့သူငယ်ချင်းတွေနဲ့ ပတ်ဝန်းကျင်တွေက သူ့အတက် အမျိုးမျိုးကူညီပေးခဲ့ကြပါတယ်။ 

သူဟာခွေးတွေရဲ့ အလေ့ဖြစ်တဲ့ သူငယ်ချင်းတွေကို ဟောင်တယ်၊ ပစ္စည်းတွေကို သူရဲ့သွားနဲ သယ်တယ် ပြီးတော့ ခွေးစာကို သူစားပါတယ်။ " ကျွန်တော်တစ်ခါမှ လူလိုမခံစားရပါဘူး...ခွေးတစ်ကောင်လိုပဲ ခံစားရပါတယ်...ကျွန်တော်လို လူတွေကိုတွေ့ရင်လဲ ကျွန်တော်ကိုယ်ကျွန်တော် ယုံကြည်မိပါတယ်...ကျွန်တော်လို လူကို ပထမဆုံး Online ပေါ်မှာတွေ့ရှိခဲ့တာဖြစ်ပြီး သူရဲ့အကူအညီနဲ့ ကျွန်တော် နှစ်သိမ့်ရာရောက်ခဲ့ပါတယ် " ဆိုပြီးပြောပြခဲ့ပါတယ်။ သူဟာခုချိန်မှာတော့ လူဖြစ်တဲ့ Pup တစ်ကောင်ဖြစ်သွားပါပြီ။ 

Source : Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။