နှစ်သန်းပေါင်း ၄၃၀ သက်တမ်းရှိပြီဖြစ်တဲ့ ပင်လယ်ရေအောက် သတ္တဝါကိုတော့ ဗြီတိန်ရဲ့ ပင်လယ်ရေအောက်တစ်နေရာမှာ တူးဖော်တွေ့ရှိခဲ့ပါတယ်။ အဲ့သတ္တဝါအမည်ကတော့ Sollasina Cthuhlu ပဲဖြစ်ကာ သူရဲ့ပုံပန်းသွင်ပြင်က တမျိုးထူးဆန်နေပြီး ကြောက်ဖို့လန်ဖို့ကောင်းတဲ့ အသွင်းဆောင်ပါတယ်။ ပရိသတ်ကြီးလဲ ဂြိုလ်သားကားတွေကြည့်ဖူးမှာပါပဲ...မကြည့်ဖူးရင်တောင် အထူးအဆန်းကားတွေ ကြည့်ဖူးမှာပါပဲ။ 

အဲ့ကောင်ရဲ့ ပုံပန်းသွင်ပြင်က Alien ကားထဲက ဂြိုလ်သားပေါက်စအကောင်တွေနဲ့ တူပါတယ်။ Cthuhlu ဟာဆိုရင် US စာရေးဆရာတစ်ယောက်ရဲ့ ဇာတ်လမ်းတစ်ခုထဲမှာပါဝင်လာကာ သူဖော်ပြထားတဲ့ပုံစံကတော့ ရေဘဝဲ နဲ့ နဂါး တို့ကြားမှာရှိတဲ့ပုံစံကို ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့လဲ သူရဲ့အကျယ်က 3 cm တာရှိပြီး များစွာသော လက်လိုလိုဘာလိုလို ရှည်မျှောတဲ့ အတိုင်တွေပါဝင်ပါတယ်။  

ရှာဖွေတွေ့ရှိခဲ့တဲ့ အဖွဲ့ထဲက ခေါင်းဆောင်ပညာရှင်ဖြစ်တဲ့ Dr.Imran Rahman က Oxford Universityမှာ လေ့လာခဲ့ပါတယ်။ Natural History ပြတိုက်က " Sollasina ဟာ Ophiocistioids ဆိုတဲ့ မျိုးသုဉ်းပျောက်ွယ်သွားတဲ့ သက်ရှိတွေကို လေ့လာတဲ့ အဖွဲ့ကပိုင်ဆိုင်ကြောင်း " ပြောပြခဲ့ပါတယ်။ အဲ့ကောင်နဲ့ပတ်သတ်ပြီး ပညာရှင်တွေဟာ အမျိုးမျိုး ပြောကြကာ ခုချိန်ထိ သေချာမသိရသေးပါဘူး။ သူတို့တွေဟာအဲ့အကောင်ကို sea cucumbers ဒါမှမဟုတ် sea urchins ဆိုတဲ့မျိုးစိတ်နဲ့နီးစပ်ကြောင်းကို ပြောကာ အငြင်းပွားလေ့ရှိပါတယ်။  

Source : Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။