ချစ်တဲ့သူတိုင်းဟာ အသည်းကွဲဖူးကြမှာပါပဲ....အဲ့လိုအသည်းကွဲတာကလဲ ၁ခါထက်ပိုချင်ပိုမယ် ဒါမှမဟုတ် ၁ခါပဲကွဲဖူးရင် ကွဲဖူးမယ်။ ဘယ်လိုပဲ ကွဲကွဲပါ ကွဲတာက ကွဲတာပါပဲ....အဲ့လိုခံစားရတဲ့အချိန်မှာဆိုရင် ခံစားရတဲ့သူဟာ ကိုယ့်ကိုကို ဘာဖြစ်မှန်းမသိ ဖြစ်ကာ စိတ်တွေဟာ လေးလံထိုင်မှိုင်းနေပါလိမ့်မယ်။ တချို့ကျတော့လဲ ကွဲပေမဲ့ ခံစားရပေမဲ့ ကိုယ့်ကိုကို ထိန်းနိုင်တဲ့သူလဲရှိသလို မထိန်းနိုင်တဲ့သူလဲရှိပါတယ်။ အာ့ဆို ဘယ်လက္ခဏာတွေက သင်ခံစားမှု ပြင်းထန်လာတယ်ဆိုတာကို သိရှိနိုင်မလဲ။ 

၁။ ရုပ်ပိုင်ဆိုင်ရာနဲ့ပတ်သတ်ပြီး ခံစားရပါမယ်....

ဒါကတော့ ကိုယ်ရဲ့ ခန္ဓာကိုယ်နဲ့ပတ်သတ်ပြီး ပုံမှန်အသည်းကွဲတဲ့ ခံစားချက်တစ်ခုပါပဲ။ အဲ့လိုချိန်မှာဆို စိတ်ဓာတ်တွေကျလာမယ် မကျန်းမမာဖြစ်လာမယ် ခေါင်းတွေကိုက် အားတွေလျော့လာမယ် စသဖြင့် ခံစားမိပါတယ်။ ဒါပေမဲ့လဲ ပုံမှန်မို့လို လူတွေ သတိမပြုမိကြပါဘူး။ 

၂။ ဘာကိစ္စကိုမှ တွေးလို့မရတော့ဘူး....

ကွဲသွားတဲ့ချိန်မှာ သင်ခေါင်းထဲမှာ Ex ကိစ္စနဲ့ပတ်သတ်ပြီးပဲ ရှိနေပါလိမ့်မယ်။ ဘာလို့သူ့ငါ့ကိုထားသွားရတာလဲ ဖြတ်သွားရတာလဲ.....ဒါတွေကိုပဲ သင်တွေးနေမိမှာပါ။ တခြားအလုပ်ကိစ္စ အိမ်ကိစ္စနဲ့ လူမှုရေးကိစ္စတွေကို သင်ဘယ်လိုမှ တွေးလို့မရပါဘူး။ ဘာလို့ဆိုတော့ EX အပေါ်စိတ်ကရောက်နေတော့ အတွေးတခြား လူတခြား ဖြစ်နေတက်ပါတယ်။ 

၃။ သူငယ်ချင်းတွေကို ရှောင်လာမယ်...

ပုံမှန်အားဖြင့်တော့ လူတော်တော်များများက ကိုယ့်ရဲ့သူငယ်ချင်းတွေဆိသွားပြီး ရင်ဖွင့်မိကြမှာပါ။ ဒါပေမဲ့ အများစုကတော့ အသည်းကွဲနေချိန်မှာ ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်တက်ပါဘူး...သူငယ်ချင်းတွေကို ရှောင်နေမယ် အဆက်အသွယ်တွေဖြတ်ထားမယ်...စကားသွားမပြောဘူး..အဲ့လိုတွေဖြစ်တက်ပါတယ်။

၄။ အလုပ်ခွင်မှာ အာရုံစူးစိုက်မှုမရှိ ထုံလာမယ်...

အသည်းကွဲနေမှာတော့ ကိုယ်လုပ်တဲ့ အလုပ်အပေါ်ကို ဘယ်လိုများ စိတ်ထဲနိုင်မလဲ...အလုပ်မှမဟုတ်ဘူး...ဘာမှကိုမလုပ်ချင်မကိုင်ချင်ဖြစ်နေတာပါ။

၅။ ကိုယ့်ကိုကိုဂရုမစိုက်တော့ဘူး.....

ဟုတ်တယ်လေ....အသည်းကွဲနေတာကို ဘယ်သူကို ဂရုစိုက်ရမှာလဲ....ကိုယ့်ကိုကိုလဲ ဂရုမစိုက်မိဘူး...သိတာဆိုလို ငါ့ကိုသူထားသွားပြီး...သူဘာလို့လဲဆိုတဲ့ အတွေးတွေနဲ့တင် ကိုယ့်ကိုကို ဂရုစိုက်ဖို့ မသိတော့ပါဘူး။ 

၆။ ဘာဟာသကိုမှ မခံစာတက်တော့ဘူး....

ပျော်ရွှင်မှုကို မခံစားရတာနဲ့အတူတူပါပဲ....အာ့ကြောင့် လူတွေပြောကြတာပေါ့....ကိုယ်ခံစားနေတဲ့ချိန်မှ ကိုယ့်ကိုပျော်ရွှင်အောင်ထားနိုင်သူက....တကယ့်ကိုအလေးထားစရာသူဆိုတာကိုပေါ့...။

၇။ လုပ်သင့်နဲမလုပ်သင့်ကြားထဲမှာ ရုန်းကန်နေရလိမ့်မယ်....

အရမ်းကိုခံစားနေရတဲ့သူအတွက် အဲ့အချက်ဟာ ဝေခွဲရခက်ပါတယ်...အဲ့လိုမျိုးတွေခံစားနေရတော့ မလုပ်သင့်တာတွေလဲ လုပ်မိပြီး လုပ်သင့်တာတွေကို မမြင်ခဲ့ကြဘူးလေ....။

၈။ နောက်တစ်ခါထပ်တွဲဖို့ ငြင်းပယ်လိမ့်မယ်....

အဲ့လို ငြင်းတာဟာ တကယ်မှားပါတယ်...ငါခုလို ခံစားခဲ့ရတာ နောက်တခါ ငါထပ်ခံစားရရင် ဘယ်လိုလုပ်မလဲဆိုပြီး ကိုယ့်ကို အဖြေတောင်းထားတဲ့သူအကုန်လုံးကို ငြင်းပယ်မိနိုင်ပါတယ်...နောက်တစ်ခါ ထပ်ချစ်ဖို့အတွက် မကြောက်သင့်ပါဘူး။

၉။ ပစ္စည်းပရိဘောဂတွေနဲ့ အခက်တွေ့လာမယ်....

စိတ်မရှည်တော့တာပေါ့....ဘာတွေလဲဟာ ဘာတွေလဲဆိုပြီး ပစ္စည်းတွေကို လွင့်ပစ် အလွယ်တကူ ဒေါသတွေထက်လာတာကိုပေါ့...အရမ်းခံစားခဲ့ရပြီးနောက်ပိုင်းမှာ ဖြစ်လာတက်ပါတယ်။

၁၀။ အိပ်မပျော်နိုင်ဘူး....

ဟုတ်ပါတယ်.....အသည်းကွဲနေသူအတွက်တော့ အိပ်ပျော်ဖို့ဆိုတာ ခတ်ခဲပါတယ်။ ဒါပေမဲ့လဲ ပင်ပန်းလာရင်တော့ အိပ်ပျော်သွားမှာပါ။

၁၁။ ဘယ်တော့မှ ဖျောက်ဖျက်လို့မရတော့ဘူး......

လူတစ်ယောက်ကို အရမ်းချစ်မိသွားတဲ့အခါမှာတော့ ယဉ်ယဉ်လေးဖြစ်သွားပါတော့တယ်။ အဲ့လူနဲ့ ပျက်တာအချိန်တွကြာသွားရင်တောင် သူ့ကိုပဲ မြင်တွေနေ့ပြီး သတိရတမ်းတလေ့ရှိနေလိမ့်မယ်။ ကိုယ့်မှာ ချစ်သူရှိရင်တော့ အဲ့အတိတ်ကသူ့ကိုပဲ တခါတလေ တွေးနေမိလိမ့်ပါမယ်....ဒါဟာဖျောက်ဖျက်လို့မရတော့တဲ့ အတွေးပဲ။ ခုပြောပြတာတွေကတော့ အရမ်းခံစားနေတဲ့သူတွေကို ဘယ်လောက်ခံစားနေလဲဆိုတာကို ပြတဲ့ လက္ခဏာတွေပါပဲ။

Source : Bustle

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။