လှံထမ်းလာတာမြင်ရပေမယ့် ကံထမ်းလာတာမမြင်ရဘူးဆိုတဲ့ စကားလေးအတိုင်းပဲ အိမ့်ထရက်ရှာတစ်ယောက် LG မှာ ၃၅ သိန်းဖိုး အားပေးရာ မှ ၃၂ သိန်းတန် 55OLED TV တစ်လုံး ကံစမ်းမဲပေါက်ခဲ့တာပဲဖြစ်ပါတယ်။ သူမဘဝမှာ တစ်ခါမှ ကံစမ်းမဲ မပေါက်ဖူးတာမို့ အရမ်းကိုကျေနပ် ပျော်ရွှင်နေရတယ်လို့လည်း ပြောထားပါသေးတယ်။ ကံစမ်းမဲပေါက်တဲ့ TV ကိုလည်း အလှူပြန်လုပ်မယ်လို့ဆိုပါတယ်။ ကံကောင်းခြင်းတွေ ပေးတဲ့ဘုရားကိုလည်း ကျေးဇူးတင်တယ်လို့ဆိုပါတယ်။

တောင်ကြီးသူအချောလေးကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေရှိနေ ပြီး အရုပ်မလေးလို ချစ်စရာကောင်းလွန်းတဲ့ သူမရဲ့ပုံစံလေး ကြောင့် အားလုံးကလည်း အချစ်ပိုနေရပါတယ်။ ဝေဖန်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီးနောက်ပိုင်း သူမက ပိုမိုအဆင် ပြေတဲ့ အနေအထားနဲ့ အနုပညာလမ်းကြောင်းပေါ်မှာ အဆင်ပြေပြေနဲ့ လျှောက်လှမ်း နေပြီပဲဖြစ်ပါတယ်။

သူမရဲ့ကံကောင်းမှုအမှတ်တရလေးကို " ထူးထူးခြားခြား တခါမှ ကံစမ်းမဲတွေ မပေါက်ဖူး ပါဘူး ၃၅သိန်းရင်းလိုက်တာ ၃၂သိန်းပြန်ရတယ် မယုံနိုင်ဘူး ဒါ ဘဝမှာထမဦးဆုံးပါပဲ ဒီပိုက်ဆံ ပြန်ထွက်လာရင် အကုန်လှုမယ် ကံကောင်းခြင်းတွေ ပေးတဲ့ဘုရားကို အရမ်း ကျေးဇူးတင်ပါတယ် ပျော်တယ် အရမ်း " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ထပ်တူ ဝမ်းသာပါတယ်အိမ့်ရေ။

Photo - Eaint Treasure

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။