ပရိသတ်ကြီးရေ အနုပညာလောကထဲကို ဝါသနာတစ်ခုအရင်းခံကာ ဝင်ရောက်လာခဲ့တဲ့ ဖြူဖြူထွေးဟာဆိုရင် ယခုလက်ရှိမှာ ကြော်ငြာတွေအများအပြားကို ရိုက်ကူးနေရပြီဖြစ်ပါတယ်။သူမရဲ့ဖြူစင်ရိုးသားပုံလေးတွေကို ပရိသတ်တွေက အသိအမှတ်ပြုလာကြပြီး အရင်ကထက်တောင် ပိုပြီးအားပေးလာကြတာဖြစ်ပါတယ်။ဖြူဖြူထွေးကလည်း သူမဝါသနာပါတဲ့အလုပ်တစ်ခုကို အမြဲတမ်းကြိုးစားနေပြီး သူမတတ်နိုင်သလောက်ကို ရေကုန်ရေခမ်းလုပ်ဆောင်နေတာပါ။

ဖြူဖြူထွေးက သူမရဲ့အနုပညာကြေးလေးတွေနဲ့ မိဘကို လိုလေသေးမရှိအောင်ထားပေးပြီး အခုဆိုလည်း အိမ်ကောင်းကောင်းတစ်လုံးကိုဆောက်ပေးနေတာဖြစ်ပါတယ်။မိဘကိုသိတတ်တဲ့ သမီးလိမ္မာလေးဖြစ်လို့ သူမလုပ်ကိုင်နေတဲ့အလုပ်မှန်သမျှကလည်း အဆင်ပြေချောမွေ့နေတာဖြစ်ပါတယ်။ဖြူဖြူထွေးက သဘောမနောကောင်းတဲ့သူတစ်ယောက်ဖြစ်လို့ သူမကို သူမတို့တစ်ရွာလုံးက ဝိုင်းချစ်ကြပါတယ်။

ဖြူဖြူထွေးရဲ့ တစ်မူထူးခြားတဲ့ Tiktokလေးတွေကိုလည်း ပရိသတ်တွေက အားပေးကြည့်ရှု့ကြပါတယ်။အခုနောက်ပိုင်းမှာ ဖြူဖြူထွေးက Tiktokလေးတွေရိုက်တာအပြင် ပညာပေးဗီဒီယိုလေးတွေကိုလည်း ရိုက်နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း မိဘတွေအသက်ကြီးလာတဲ့အခါ သေချာပြုစုစောင့်ရှောက်ပြီး ပစ်မထားဖို့ ဗီဒီယိုအတိုလေးကို ဖြူဖြူထွေးက ၃ကိုယ်ခွဲပြီး သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဖြူဖြူထွေးက"အစားထိုးလို့မရတဲ့ မိဘတွေကို တန်ဖိုးထားကြပါမစွန့်ပစ်ကြပါနဲ့"ဆိုပြီး သူမရဲ့ဗီဒီယိုလေးကိုမျှဝေထားပါတယ်နော်။

Source:Phyu Phyu Htwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။