ပရိသတ်ကြီးရေ.. ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာရရဗိထားတဲ့ MRTV-4 မင်းသမီးချောတွေထဲမှာ သရုပ်ဆောင်မင်းသမီးချောလေး ခြူးလေးကလည်း အပါအဝင်ပါပဲ..။

ချစ်စရာကောင်းပြီး ပရိသတ်တွေကို အမြဲအချစ်ပိုစေတဲ့ ခြူးလေးကတော့ သရုပ်ဆောင်ပိုင်နိုင်မှုတွေအပြင် အေးချမ်းတဲ့ အပြုံးချိုချိုလေးတွေနဲ့လည်း ဖမ်းစားတတ်သူလေးလည်း ဖြစ်ပါတယ်..။

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး ဇာတ်ကားတွေလည်း အဆက်မပြတ်ရိုက်ကူးနေသလို အခမ်းအနားပွဲတော်တော်များများကိုလည်း တက်ရောက်ဖြစ်နေတာ တွေ့ရပါတယ်..။

အခုတစ်ခါမှာလည်း ပရိသတ်တွေရဲ့ အသည်းကော်လေး သူမကတော့ မြင့်မြတ်နဲ့ ဦးကျော်သူတို့ရဲ့ ရုက်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ "ကျောမှာ ဂဠုန် ရင်မှာနဂါး" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အထူးပြပွဲကိုလည်း တက်ရောက်လာခဲ့တာ တွေ့ရပါတယ်..။

အခမ်းအနားပွဲတက်လာတဲ့ အချစ်တော်လေး ခြူးလေးကတော့ ချစ်စရာကောင်းလွန်းနေတာမို့ ဘိုမရုပ်လေးအလား ထင်မှားရလောက်အောင်ကို လှသွေးကြွယ်ပြီး ပရိသတ်တွေရဲ့ အမြင်အာရုံတွေကို ဖမ်းစားလိုက်ပါတယ်နော်..။

ချစ်စရာကောင်းလွန်းတဲ့ ခြူးလေးရဲ့ ပွဲတက်အမှတ်တရပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ အားလုံးလည်း သဘောကျအချစ်ပိုနေကြမှာပါနော်..။

Photo - ခြူးလေး၊ Khant Min Htin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။