အနုပညာလှုပ်ရှားမှုတွေမရှိတော့ပေမယ့် ပရိသတ်တွေရဲ့အချစ်တော်လေးအဖြစ် ဆက်လက်ရပ်တည် နေတဲ့ မင်းသမီးသဉ္ဇာနွယ်ဝင်းတစ်ယောက် ဒုတိယရင်သွေးလေးကို လွယ်ထားရပြီပဲဖြစ်ပါတယ်။ ပထမ သားလေးကို ကိုယ်ဝန်ရှိနေတယ်လို့ သိသိရခြင်းမှာပဲ ငိုခဲ့ရပြီး ဒုတိယရင်သွေးလေးမှာလည်း အရင်လိုပဲ မျက်ရည်ကျမိတယ်လို့ဆိုပါတယ်။ ရင်သွေးလေး သုံးယောက်အထိယူဖို့စဉ်းစားထားပြီး ကလေးတွေကို အသက်အရမ်းမကွာစေချင်ဘူးလို့ဆိုပါတယ်။ 

လက်ရှိမှာတော့သွေးစစ်ထားပြီး နောက်ထပ်ရက်ပိုင်းလောက်နေရင် သားလေးလား သမီးလေးလား ဆိုတာ အဖြေသိရမယ်လို့ဆိုပါတယ်။ သူမအနေနဲ့ကတော့ သမီးလေးလိုချင်ပြီး ခင်ပွန်းဖြစ်သူကတော့ ဘာလေးဖြစ်ဖြစ် ချစ်မယ်ဆိုတဲ့သဘောပါပဲ။ ကိုယ်ဝန်ရှိတယ်လို့ စစသိခြင်းမှာတော့ နှစ်ယောက်လုံး အရမ်းကိုပျော်ခဲ့ကြတယ်လို့ဆိုပါတယ်။ သားလေးတစ်နှစ်လောက်ကတည်းက နောက်ထပ် ကလေးတစ်ယောက်လိုချင်တာဖြစ်ပြီး ကလေးတွေကိုလည်း ကျောင်းပို့လည်းအတူတူပို့ချင်တယ်လို့ ဆိုပါတယ်။ 

မောင်နှမတွေကို ကစားဖော်ကစားဖက်တွေဖြစ်စေချင်တယ်လို့လည်းဆိုပါတယ်။ ဒုတိယရင်သွေးလေးနဲ့သားလေးက မွေးလတူမှာဖြစ်ပြီး သူမအနေနဲ့ မွေးရမှာကိုလည်း အနည်းငယ်ကြောက်တယ်လို့ ဆိုပါတယ်။ ပထမရင်သွေးလေးတုန်းက အတွေ့အကြုံမရှိတော့ အနည်း ငယ်စိတ်လှုပ်ရှားရတာတွေ ရှိခဲ့ပေမယ့် အခုဒုတိယရင်သွေးလေး ရလာတဲ့အချိန်မှာတော့ တော်တော်များများအတွေ့အကြုံရှိနေပြီဖြစ်လို့ အများကြီးစိုးရိမ်စရာမရှိဘူးလို့ဆိုပါတယ်။ မိသားစုကိုချစ်တဲ့ခင်ပွန်းကြောင့် လက်ရှိအချိန်ထိ စိတ်ချမ်းသာနေရတယ်လို့လည်းဆိုပါတယ်။ သူမကိုရော သူမရဲ့သားလေးကိုလည်း ချစ်ပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါသေးတယ်။

Exclusively on Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။