အသက်ငယ်ငယ်လေးနဲ့မြန်မာနိုင်ငံမှာအောင်မြင်တဲ့အနုပညာရှင်တွေအဖြစ်ရပ်တည်နေတာကတော့ရွှေထူးနဲ့ရွှေမှုန်ရတီတို့ပဲဖြစ်ပါတယ်။နှစ်ယောက်လုံးကတော့သက်ဆိုင်ရာအနုပညာလမ်းကြောင်းမှာအအောင်မြင်ဆုံးနဲ့ပရိသတ်အားပေးမှုအများဆုံးသူတွေပဲဖြစ်ကြပါတယ်။သူတို့ရဲ့ကြိုးစားအားထုတ်မှုတွေကလည်းပရိသတ်တွေသာမကအနုပညာအသိုင်းဝိုင်းကတောင်ချီးကျူးနေရတာပါ။

သူတို့ဇနီးမောင်နှံနှစ်ယောက်ဟာတစ်ယောက်ကိုတစ်ယောက်အချစ်တွေပိုတာကြောင့်ပရိသတ်တွေအားကျနေရတာပါ။ သူတို့ရဲ့တစ်ယောက်ပေါ်တစ်ယောက်ဂရုစိုက်မှုလေးတွေကလည်းကြည့်နေတဲ့ပရိသတ်တွေအပေါ်ကြည်နူးမှုတွေပေးနိုင်တာပါ။အနုပညာအလုပ်တွေကိုလည်းနှစ်ယောက်တူတူကြိုးစားရင်အောင်မြင်ကျော်ကြားနေတာပါ။ 

နှစ်ယောက်လုံးကလည်းတစ်ယောက်ရဲ့အလုပ်တွေကိုအမြဲကူညီပေးဖေမနေတာပါ။ ရွှေမှုံကတော့သရုပ်ဆောင်အလုပ်အပြင်သီချင်းဆိုရာမှာလည်းအသံကောင်းတာကြောင့်ပရိသတ်ချီးကျူးမှုကိုအပြည့်ရထားတာပါ။ အခုမှာလည်းနှစ်ယောက်တူတူကာရာအိုကေဆိုင်မှာသီချင်းလေးကိုစုံတွဲဆိုနေတာလေးကလည်းနားထောင်ကောင်းနေတာဖြစ်ပါတယ်။ “ လိုက်ဖက်တဲ့ဘဝ ” သီချင်းလေးကိုအတွဲညီညီနဲ့နားထောင်ကောင်းနေတဲ့ရွှေထူးတို့ဇနီးမောင်နှံရဲ့သီချင်းဆိုနေတဲ့videoလေးကိုနားဆင်ပြီးအားပေးကြပါဦးနော်။

Source- Htoo Khant

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။