သဘာဝကပေးတဲ့ချစ်စရာပုံရိပ်လေးတွေကိုပိုင်ဆိုင်ထားတာကြောင့်ပရိသတ်အချစ်တော်ဖြစ်နေရတာကတော့မင်းသမီးချောလေးဝတ်မှုန်ရွှေရည်ပဲဖြစ်ပါတယ်။ သူကတော့အလှဘုရင်မတစ်ဦးလို့တင်စားရလောက်အောင်အလှတွေအပြည့်နဲ့အောင်မြင်နေတဲ့မင်းသမီးတစ်ဦးဖြစ်ပါတယ်။ ပီပြင်ကျွမ်းကျင်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်း အကယ်ဒမီထူးချွန်ဆုတွေရရှိပိုင်ဆိုင်ထားတာပါ။

အနုပညာအလုပ်တွေမှာလည်းပီပြင်တဲ့ကာရိုက်တာတွေကြောင့်နိုင်ငံခြားဒါရိုက်တာတွေကတောင်ချီးကျူးမှုတွေပြုလုပ်ခဲ့ရတာပါ။ ငယ်စဉ်ထဲကအနုပညာကိုကြိုးစားတဲ့စိတ်တွေကြောင့်ခုချိန်မှာအောင်မြင်နေသူတစ်ယောက်ဖြစ်ရပ်တည်နိုင်တာပါ။ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ရုံသာမကရိုးသားဖြူစင်တဲ့စိတ်ထားလေးတွေကြောင့်ပရိသတ်အချစ်တွေကိုတစ်စထက်တစ်စပိုတိုးရနေတရပါ။

သူမရဲ့အလှတွေကြောင့်လည်းကြော်ငြာဓာတ်ပုံလေးတွေကိုအများဆုံးရိုက်ကူးနေရတာပါ။ သူ့ရဲ့ပုံရိပ်တိုင်းကလည်းညှို့အားပြင်းပြင်းနဲ့ဆွဲဆောင်မှုရှိစေတာဖြစ်ပါတယ်။ အခုမှာလည်းလူမှုကွန်ရက်ကနေယုံကြည်မှုရှိရှိရင့်ကျက်တဲ့အလှပုံရိပ်လေးတွေကလည်းတစ်မျိုးမတူအောင်ဆွဲဆောင်နေတာပါ။ ပရိသတ်တွေအတွက်လည်းတည်ငြိမ်ပြီးဆွဲဆောင်မှုရှိတဲ့ရွှေကစ်ရဲ့အလှပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ရပြီးအားပေးကြပါဦးနော်။

Photo - Wutt Hmone Shwe Yi 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။