ပရိသတ်အချစ်တော် နေခြည်ဦးကတော့ အခုနောက်ပိုင်းမှာ အနုပညာခြေလှမ်းတွေစိပ်လာတာကို တွေ့ရပါတယ်နော်။နေခြည်ဦးက အနုပညာလောကထဲကို ဝင်ရောက်လာတာမကြာသေးပေမယ့် သူမပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာဆိုရင် ပရိသတ်တွေရဲ့တစ်ခဲနက် အားပေးမှုကို ရရှိပါတယ်။နေခြည်ဦးကလည်း တက်သစ်စအနုပညာရှင်လို့ မထင်ရလောက်အောင် သူမရဲ့အိုင်တင်တွေက ပရိသတ်တွေကိုတောင် အံ့အားသင့်စေရပါတယ်နော်။

နေခြည်ဦးက ပွင့်လင်းဖော်ရွေပြီး သွက်သွက်လက်လက်နဲ့ အရမ်းချစ်စရာကောင်းလို့ လူချစ်လူခင်လည်းပေါများပါတယ်နော်။နေခြည်ဦးက Brand တော်တော်များများရဲ့ Brand Ambassadorအဖြစ်လည်း ခန့်အပ်ခံထားရတဲ့ မင်းသမီးလေးပါ။မိန်းကလေးတွေအတွက်လည်း အလှအပရေးရာတွေကို အကြံဉာဏ်ပေးနေဆဲဖြစ်ပြီး မိန်းကလေးပရိသတ်တွေကလည်း သူမကိုအားကျအတုယူကြပါတယ်။နေခြည်ဦးကတော့ ပွဲအခမ်းအနားတွေတက် ရုပ်ရှင်ဇာတ်ကားတွေကြော်ငြာတွေရိုက်ကူးနေရလို့ မအားမလပ်နိုင်အောင်ပဲနော်။

နေခြည်ဦးကတော့ အခုဆိုရင် အရမ်းတော်တဲ့အကယ်ဒမီမင်းသားနေတိုးနဲ့အတူ "အခမ်းနားဆုံးမေတ္တာ"ဆိုတဲ့ အရမ်းရိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာပါ။ရုပ်ရှင်ဇာတ်ကာကြီးက ရုံတင်ရင် ပရိသတ်တွေကြားမှာ ရေပန်းစားလာဦးမယ့် ဇာတ်ကားပါနော်။အခုဆိုရင်တော့ လေဆိပ်ကနေ ခရီးထွက်မယ့် နေတိုးကို ကလေးတစ်ယောက်လို လက်လေးဆွဲပြီး ချစ်စရာကောင်းအောင်ပြုမူနေတဲ့ ပုံရိပ်လေးကို ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။ 

Source:Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။